Pages

Thursday, November 8, 2012

ထီလက်မှတ်ဈေးဘာကြောင့်ကြီး


နယ်၌ထီရောင်းချသူများ သည် ထီလက်မှတ်များကို တစ် ဆင့်ဝယ်ယူ၍ ရောင်းရာမှာထီလက်မှတ်တစ်စောင်
အနည်းဆုံး  ၂၁၃ကျပ်မှ၂၄၂ကျပ်ထိပေးဝယ်ယူနေ   ကြရသည်ဆို၏။ ထိုကဲ့သို့ နယ်မြို့များက ထီဆိုင်များ
မှာနာမည်ကြီး ထီဆိုင်များမှတစ်ဆင့် ၀ယ်ယူ ရောင်းကြရသဖြင့် ထီတစ်စောင်   (၃၀၀)ကျပ်ဖြစ်နေရခြင်း
ဖြစ်သည် ဆို၏။
ထီကံစမ်းထိုးသူများ ဈေးနှုန်း  ချိုသာစွာဖြင့် အစိုးရအောင်ဘာ လေထီရုံးမှ ရောင်းချသေmထီလက်မှတ်များ
ကို နယ်များရှိထီဆိုင်   များက နှစ်စဉ်လုပ်ငန်းလိုင်စင်ကြေး   အမြတ်ခွန်များဆောင်ထားနေသည့်  ထီဆိုင်
များအား မြို့နယ်များရှိ ပြည်တွင်းအခွန်ဦးစီးဌာနများတွင်   တိုက်ရိုက်ထီဝယ်ယူခွင့်လျှောက် ထားမှုကို အမြန်
ဆုံးချထားပေးပါ  က ထီဈေးနှုန်းချိုသာစွာဖြင့် လုပ် သားပြည်သူများ ထီကံစမ်းဝယ်  ယူနိုင်ကြောင်း စုံစမ်းသိ
ရှိရသည်။

ယခုအခါ နာမည်ကြီးထီဆိုင်များကအစိုးရအောင်ဘာလေရုံး မှထီလက်မှတ်များကိုအရင်းအနှီး  မြောက်မြား
စွာဖြင့် လက်ဝါးကြီး အုပ်ဝယ်ယူ၍ နယ်ထီဆိုင်များအား  တစ်ဆင့် ပြန်ရောင်းပေးနေသဖြင့်  ထီလက်မှတ်
aဈးကြီးနေခြင်းဖြစ်   သည်ဆို၏။

ထို့အပြင် နယ်ထီဆိုင် များမှ ထီဝယ်ယူခွင့်လျှောက်လွှာ များကို ၀ယ်ယူခွင့်ချမပေးဘဲ ရှိပြီး  ပင်ရင်းနာမည်
ကြီး ထီဆိုင်များကို သာ နယ်ရှိထီဆိုင်များအား တိုက် ရိုက်ဝယ်ယူခွင့်ပေးပါက ထီလက် မှတ်ဈေးကျဆင်း
လာနိုင်ကြောင်း  စုံစမ်းသိရှိရသည်။

ထို့အပြင် နယ် ထီဆိုင်များအား ပြည်တွင်းအခွန်  ဦးစီးဌာနက တိုက်ရိုက်ထီလက် မှတ်ရောင်းပေးခြင်းဖြင့် အ
စိုးရ ဘဏ္ဍာဝင်ငွေတိုးပြီး ထီထိုးသူများ  လည်း ထီလက်မှတ်ဈေးနှုန်းချိုသာ စွာဖြင့် ၀ယ်ယူကံစမ်းနိုင်ကြောင်း သိရသည်။

ဦးတင်လှိုင်

Hot News Journal

0 comments:

Post a Comment