Pages

Thursday, November 8, 2012

အမေရိကန်သမ္မတအိုဘားမား မြန်မာသို့ လာလည်မည်ဟု အေအက်ဖ်ပီသတင်းဖော်ပြ

ရန်ကုန်၊နိုဝင်ဘာ-၈

ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရသောအမေရိကန်သမ္မတအိုဘားမားသည်ယခုလကုန်ပိုင်း

တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရတာဝန်ရှိသူတစ်ဦး
က အေအက်ဖ်ပီသတင်းသို့ ပြောကြားသည်။
သတင်း၌ ယင်းအရာရှိက "သမ္မတအိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့
ဆုံသွားမှာပါ။ သူ နိုဝင်ဘာ၁၉ မှာ ရန်ကုန်ကို ရောက်ပါမယ်"ဟု ပြောသည်။ အသေးစိတ်အချက်များကိုမူ လုံ
ခြုံရေးအကြောင်းပြချက်များကြောင့် မသိရကြောင်းလည်း ၄င်းကဆက်ပြောသည်။


 မြန်မာနှင့် အမေရိကန်တို့သည် ယမန်နှစ်က သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီး
နာက် နှစ်နိုင်ငံဆက်ဆံရေး ထူးခြားစွာ ကောင်းမွန်လာခဲ့သည်။အိုဘားမားသည်ဒုတိယသက်တမ်းအတွက်
 ရွေးကောက်ပွဲအနိုင်ရပြီးနောက် နိုဝင်ဘာ ၂၂ ရက် (ကျေးဇူးတော်နေ့)မတိုင်ခင် ပြည်ပခရီးများ ထွက်ဖွယ်
ရှိသည်။ 
 
အိမ်ဖြူတော်ဘက်ကမူ မြန်မာသို့ အိုဘားမား၏ ခရီးစဉ်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးချေ။

ကမ္ဘောဒီးယားအာဏာပိုင်များကမူ အိုဘားမားသည် ဖနွမ်းပင်မြို့တော်၌ ကျင်းပသော အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် အရှေ့တောင်အာရှခေါင်းဆောင်များ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ရုရှားတို့နှင့်အတူ တက်ရောက်ရှိသည်ဟု ဆိုသည်။ အာဆီယံထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲမှာ နိုဝင်ဘာ ၂၀ တွင် ပြီးဆုံးမည်ဖြစ်သည်။

-Ref: AFP

0 comments:

Post a Comment

 
world time