Pages

Thursday, November 8, 2012

လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ


၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။ကိုယ်တိုင်တွေ့ကြုံခဲ့သူအသက်(၁၆)နှစ်အရွယ်မာင်အောင်ကိုဦးမှပြောကြားရာတွင်““အဖွားကလမ်းပြင်ဖို့အတွက် မြေသွားတူးခိုင်း
ရင်းနဲ့တွေ့တာပါ။စတွေ့တဲ့အချိန်ကတော့(၉၊၁၀)ခန့်ကပါ။ကျွန်တော်ပထမတော့ဗုံးမှန်းမသိပါဘူး။ ကိုင်ကြည့်လိုက် တော့ လေးနေ
တယ်။အဲဒါနဲ့ ပစ် ချပြီးတော့ အိမ်ပြန်ပြီးလူကြီး သွားခေါ်တယ်””ဟု ပြောကြားခဲ့ သည်။

အဆိုပါရပ်ကွက်ရှိပြည်သူတစ်ဦးမှပြောကြားရာတွင်“သူစတူးတာကတော့ဓားနဲ့တူးတယ်။တွေ့တွေ့ခြင်း ကျွန်တော်တို့ကို ခေါ်တယ်။ ရပ်ကွက်လူကြီးကိုအကြောင်းကြား၊သက်ဆိုင်ရာခေါ်တယ်။အခုသူကဆယ်တန်းတက်နေတယ်။ အထက(၄)ကြည့်မြင်တိုင်မှာတက်
နေတယ်””ဟု ပြောကြားခဲ့သည်။

တွေ့ရှိသည့် ဗုံးအမျိုးအစားမှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာ စစ်မှကန်သော လက်ပစ်ဗုံးတစ်လုံးဖြစ် ကြောင်း ယူဆရပါသည်။

အဆိုပါလက်ပစ်ဗုံးကိုသက်ဆိုင်ရာမှ လုံခြုံစိတ်ချစေရန် ပြုလုပ်ပြီးသိမ်းဆည်း သွားကြောင်း သိရသည်။

The Hot News

0 comments:

Post a Comment