Pages

Saturday, October 13, 2012

ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များကို ကူညီရန် OIC ရုံး ဖွင့်လှစ်ရခြင်းဟု OIC ပြောကြား

OIC အကြီးအကဲ အက္ကမီလဒ္ဒိင်း အဟ်ဆန်နိုဂ်လူ


OIC ရုံးဖွင့်လှစ်ရန် ပြည်သူ နှင့် သံဃာတော် အချို့စိုးရိမ်နေခြင်းOICအကြီးအကဲအက္ကမီလဒ္ဒိင်းအဟ်ဆန်နိုဂ်
လူအပေါ် OIC လူနည်းစု ရေးရာ ဌာန အကြီးအကဲ မစ္စ ဒီနာ မန်ဒန က ဒါကလူထုရဲ့ ထင်မြင်ချက်သက်သက် သာ ဖြစ်တယ်၊ မြန်မာအစိုးရ သဘောထား မဟုတ်ဘူး။ လူထုထင်မြင်ချက် အပေါ်မှာတော့ ဘာမှ မပြောလို
ဘူး။
သူတို့ အိုအိုင်စီ ဟာ အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေတာဖြစ်တယ်။ အိုအိုင်စီ ရုံးတွေ ဖွင့်တယ်ဆိုတာက
လည်း ဗုဒ္ဓဘာသာတွေရော မွတ်ဆလင် တွေကိုပါ ကူညီဖို့ဖြစ်တယ်။ အခုတော့ ရုံးဖွင့်လို့ရတဲ့ အခွင့်အရေး
ကို ယူပြီး နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက် ဖို့ လုပ်ပါမယ် ဟု ဘီဘီစီသို့ ပြောကြားခဲ့ပါသည်။၎င်းတို့
၏အစီအစဉ်ကို OIC အတွင်းရေးမှူးချုပ်၏ ရှေ့ပြေး ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်
နှင့် တွေ့ဆုံ ကာ OIC ဆောင်ရွက်မည့် လုပ်ငန်းများ ကို ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း ၄င်းက ပြောပါ
သည်။

ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတပါးရဲ့ စီစဉ်ပေးမှုနဲ့ ဘာသာရေးနဲ့ ရပ်ရွာခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေး
နိုင်ခဲ့ လို့ အိုအိုင်စီရဲ့ လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေကို ရှင်းပြခဲ့ပြီးဖြစ် တယ်၊ ဒီလိုပဲ ဆွေးနွေးပြောဆို ပြီး
ရင် အဆင်ပြေ အောင် ညှိနှိုင်း လုပ်ကိုင်နိုင်မှာ ဖြစ်တယ်၊ ဘာမှ ပြောဆိုခွင့် မသာရင်တော့ ပြဿနာတွေကို ရှင်းနိုင် မှာမဟုတ်လို့ နှစ်ဘက်စလုံးက အတူ လက်တွဲလုပ်ဖို့ လိုပါတယ် ဟု  မစ္စ ဒီနာ မန်ဒနီက ပြောကြား
သည်။

OIC အနေဖြင့် ရန်ကုန်ရုံးကို ဗီဇာကိစ္စအပါအဝင် ထောက်ပံ့ရေးဆိုင်ရာများ အတွက် ဖွင့်လှစ်မှာဖြစ်ပြီး၊ စစ်တွေရုံးကို လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်မည် ဟု သိရသည်။

ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ် Ufuk Gokcen ဦးဆောင်သော OIC ၏ အမြင့်ဆုံးကိုယ်စားလှယ် အဖွဲ့ နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး တို့သည် ရခိုင်ပြည်နယ် ရှိ ဒုက္ခ သည်များအား ကူညီထောက်ပံ့ရေးအ
တွက် နားလည်မှု စာချွန်လွှာ ကို စက်တင်ဘာ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


BBC,OIC

0 comments:

Post a Comment