Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ် Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့
ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့
တယ်ဆိုတာပဲ.။
တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။
ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူး
တာပဲ ။ MMSO လို Hacker Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့
တာပဲ ။ မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ ဒီအထိ HackerEvolution
( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။
၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? Blink Hacker Grop ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ စလာတုန်းကတော့စစ်အစိုးရနဲ့ပတ်သတ်တဲ့မီဒီယာ တွေကိုတိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်
လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။
ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာနယ်က မဟုတ်တဲ့
လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာမြန်
မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။
BHG စတင်တည်ထောင်ပြီး1st Generationအဆုံးသတ်ခါနီးမှာMyanmar Hacker Forumတစ်ခုတည်ထောင်
ဖို့ကြိုးစားကြတယ် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး ။ ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ် ။ အောင်မြင်တာ မအောင်မြင်တာ က တစ်ကြောင်းပေါ့ ။
BHG 1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ် ။ BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ် ။ သို့သော်လည်း ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ် ။
အားရစရာကောင်းတာတစ်ခုကတော့ စည်းလုံးမှုပါပဲ ။ သူတို့ အလွန်စည်းလုံးပါတယ် ။ ကျွန်တော့်
အမြင်မှာ ရိုင်းပင်းတယ် လို့ မြင်တယ် ။ နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ် ။ ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီး
မားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် ။
ဒီလိုနဲ့ BHG 1st Generation ပျက်စီးသွားပါတယ် ။ သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်
မှာပဲ Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ် ။ ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို ခံစားရပါတယ် :-P
သိပ်မကြာပါဘူး Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်
သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ် ။ဒီအချိန် Myanmar Hacker
Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး ။ ဒီအချိန်မှာ Operation BD ဆိုတဲ့Operation တစ်ခုMyanmar
Uniteam က စတင်ခဲ့ပါတယ် ။ Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်
နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့
အညိုငြင်ခံခဲ့ရပါသေးတယ် ။
ရိုဟင်ဂျာကိစ္စမှာတော့ Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူ
တော်တော်များများ စုစည်းမိလာပါတယ် ။ ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြ
ပါတယ် ။ အခြား နည်းပညာသမားတွေအပြင် နည်းပညာအပြင်ဘက်ကလူတွေပါHackingနဲ့ပတ်သတ်
တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့် လွယ်လွယ်ကူ
ကူရရှိလာပါတယ် ။
ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ်။Myanmar Cyber Armyဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်
များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာသမားတွေအပါအ၀င်နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်
တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums က
တော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ်။
Ref: Ghostarea.net
0 comments:
Post a Comment