Pages

Saturday, October 13, 2012

မြန်မာဟာဂျီလောင်းများ ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံအရေးအတွက် ဆုမွန်ဒိုအာ ပြုလုပ်


မြန်မာနိုင်ငံမှ ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့သို့ သွားရောက်သော ဟာဂျီလောင်းများ သည် ရန်ကုန် လေဆိပ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန် ၊ပြည်တွင်း စစ်ငြိမ်းချမ်း ရေး ၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆုမွန် ဒိုအာ တောင်းခဲ့ကြောင်း စိန်မြတ်နိုး ခရီးသွားကုမ္ပဏီ ဒါရိုက်တာ ဦးစိန်မြင့် ၏ ပြောကြားချက်ကို NewsWatch ဂျာနယ်တွင်ဖော်ပြထားသည်။

ဟာဂ်ျဝတ်ပြုရာ ခရီးသွားများသည် အောက်တိုဘာ ၁၀ရက်နေ့ ညနေ ၅နာရီတွင် ပါကစ္စတန်လေကြောင်း လိုင်း ဖြင့် ဟာဂ်ျ ခရီးသွား ၅၀၀ ဦး စတင် ထွက်ခွာခဲ့ပြီး ၁၁ ၊ ၁၂ ၊ ၁၃ ရက်နေ့များတွင် လည်း ကျန်ရှိ ဟာဂ်ျ ခရီး သွား များ ထွက်ခွာကြမည် ဟု ၄င်းက ပြောပါသည်။ ယခုနှစ် ဟာဂ်ျခရီသွားများ သည် အောက်တိုဘာ ၉ရက် နေ့ မှသာ  ဆော်ဒီသံရုံးက ဗီဇာထုတ်ပေးခဲ့၍ ယခင်နှစ်များကဲ့သို့ အခက်အခဲများ ရင်ဆိုင်ရမည်ကို စိုးရိမ်ခဲ့ရကြောင်း ၄င်းက ပြောပါသည်။

“ဟာဂ်ျကိစ္စကို အစ္စလာမ် ဘာသာရေးအဖွဲ့ က စောစောဦးဆောင်ခွင့်ရရင် စိုးရိမ်စရာတွေ ၊အခက်အခဲတွေ နည်းသွားမယ်” ဟု ပြောပါသာည်။

ဟာဂ်ျခရီသွားများအား လိုက်ပါ ပို့ဆောင်သူ တစ်ဦးက” စိတ်ချမ်းမြေ့စွာ သွားခွင့်ရအောင် ကူညီပေးခဲ့တဲ့ သက်ဆိုင်ရာနဲ့ အစ္စလာမ် ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါတယ် ” ဟု ပြောပါ သည်။ ယခုနှစ် ဟာဂ်ျခရီး
စရိတ် တစ်ဦးလျှင် ကျပ်ငွေ သိန်း၆၀ မှ ၁၈သိန်း အထိ ပေါက်ဈေးရှိခဲ့ကြောင်းဦးစိန်မြင့်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွက် ဟာဂ်ျခွဲတမ်း ဦးရေ ၅၀၀၀ ရရှိခဲ့သည်။


မွတ်စလင် သတင်းစဉ်နှင့် News Watch ဂျာနယ်

0 comments:

Post a Comment