Pages

Saturday, October 13, 2012

အစ္စလာမ် နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဒလိုင်းလားမား ပြောပြီ






ပြည်ပရောက် တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းလားမားက အစ္စလာမ်သာသနာအား အဆိုးမြင်တင်
ြံပချက်များနှင့် ပတ်သက်ပြီး သတိပေးစကားပြောကြားကြောင်း AFP သတင်းတစ်ရပ် တွင် ဖော်ပြ သည်။ လူ
ဆိုးမွတ်စလင် တချို့ရဲ့ လုပ်ရပ်ကြောင့် အစ္စလာမ် သင်ကြားချက်အားလုံးကို ခြုံပြီး အဆိုးမြင်တာဟာ လုံးဝ
ဥဿုံ မျှတမှု မရှိပါ။ ”ဟုအမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ဝီလီယမ် မယ်ရီ ကောလိပ်တွင် ဟောပြော
မှု တစ်ရပ် တွင် ယင်းသို့မိန့်ကြား ခဲ့သည်။
ကျွန်ုပ်တို့ တခြားဘာသာတွေ ကို ထိတွေ့ ဖို့ လိုအပ်နေပါတယ် ဟု ဘုန်းတော်ကြီးက မိန့်သည်။“သမိုင်းအ
ရပြောရရင် ဘာသာရေး အမည်ခံ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ အများစုရဲ့ အကြောင်း အရင်းအစစ်မှန်က ဘာ
သာရေး ယုံကြည်ချက်ကြောင့် မဟုတ်ပါဘူး။ စီးပွားရေး အကျိုး အမြတ် ဒါမှမဟုတ် အင်အားပြိုင်ဆိုင်မှု
 ကြောင့်ပါပဲ “ဟု ၄င်းက ထောက်ပြ ခဲ့သည်။

အိန္ဒိယတွင် မွတ်စလင် အုပ်စိုးသူ လက်အောက် တွင်  ဗုဒ္ဓဘာသာဝင်များ ဆင်းရဲ ဒုက္ခရောက်ခဲ့ သော်လည်း အတိတ်သည် အတိတ်ဟု သာ မိမိလက်ခံကြောင်း လက်ရှိကာလတွင် အိန္ဒိယ တွင် ဘာသာတရားများ အတူ
တကွ နေထိုင်နိုင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည့် အိန္ဒိယ နိုင်ငံ တာဝန်ရှိသူများ အား ချီးကျူးပါကြောင်း ဘုန်းတော်ကြီး ဒလိုင်းလာမားကမိန့်ကြားပါသည် ။

“အဲဒီမှာ ဘာသာတရားတွေ ဟာမိုနီ ဖြစ်ပြီး နှစ်ထောင်ချီ ရပ်တည်ခဲ့ပြီးခဲ့ပါပြီ။ ဒါကြောင့် ကျန် ကမ္ဘာတစ်ခု
လုံးလဲ ဒီလို အိန္ဒိယ ရဲ့ အတွေ့အကြုံကို လေ့လာသင်ယူရပါလိမ့်မယ် လို့ ကျွန်တော် အမှန်တကယ် ထင်ပါ
တယ် ” ဟု တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီး ဒလိုင်းလာမားက မိန့်ကြားခဲ့သည်။


muslimtime

0 comments:

Post a Comment

 
world time