Pages

Saturday, October 13, 2012

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

နိုင်ငံတကာရှိနိုင်ငံပေါင်း၂၀၀ကျော်၌ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများလုပ်ကိုင်နေသည့်Western Union သည်မြန်မာနိုင်ငံမှပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် Myanmar Oriental Bank (မြန်မာအရှေ့ တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။
ကနဦးသဘောတူညီချက်အနေဖြင့်စက်တင်ဘာလ(၁၁)ရက်နေ့၌သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြ
ပြီးနောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
 
ကျွန်နော်တို့တွေ အခုလို မြန်မာနိုင်ငံနဲ့ ဒီလို လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ ဒီလိုပူးပေါင်းခြင်းဟာနှစ်ဖက်နိုင်ငံရပ်ခြားရောက်နေတဲ့နိုင်ငံသားတွေအချင်းချင်းငွေလွှဲပြောင်းမှု အဆင်ပြေ
လာမှာပါ။ကျနော်တို့ရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံနဲ့နိုင်ငံတကာကိုလွယ်ကူစွာဆက်သွယ်နိုင်ပြီးမြန်မာ
နိုင်ငံလူမျိုးတွေနဲ့ ငွေကြေး ၁၀၀ ရာခိုင်နှုန်း ငွေကြေးလွှဲပြောင်းမှု တွေ လုပ်ချင်ပါတယ်´ ဟု Western Union Asia Pacific မှ Managing and senior vice- president ဖြစ်သည့်  Drina Yue မှ Western Union Wed Site တွင်ပြောကြားထားသည်။
   
WesternUnionရဲ့လုပ်ငန်းတွေစတင်ရင်အရင်ကလိုဟွန်ဒီစတဲ့ တရားမ၀င် ငွေလွှဲစနစ်တွေနဲ့ နိုင်ငံရပ်ခြား
ရောက်နေတဲ့မြန်မာတွေကပြည်တွင်းကိုငွေလွှဲပြောင်းပေးပို့စရာမလိုတော့ဘူး၊ဒါပေမဲ့လွှဲပြောင်းတဲ့ ငွေကြေး
တွေမှာအခွန်ကောက်ခံမှုပြုတာတို့၊၀င်ငွေခွန်လိုက်တာတွေ ဖြစ်လာမှာကို တော့ သတိထားရမှာ ဖြစ်တယ်´´ ဟု ဂျပန်နိုင်ငံ၌ သင်္ဘောသားလုပ်ကိုင်နေသူ ကိုထက်အောင်ကိုက နိုင်ငံတကာ ငွေလွှဲပြောင်းမှုဆိုင်ရာ အားသာချက် အားနည်းချက်များအား ပြောသည်။
 
WesternUnionသည်နိုင်ငံပေါင်း၂၀၀ကျော်တွင်အေဂျင်စီငါးသိန်းကျော်နှင့်ပူးပေါင်း လုပ်ကိုင်နေသည်ဖြစ်
သောကြောင့်ငွေကြေးလွှဲပြောင်းမှုများစွာကိုကမ္ဘာပေါ်ရှိမည်သည့်နေရာ၌မဆိုအခက်အခဲမရှိငွေလွှဲနိုင်မည်
ဖြစ်သည်။

တရားဝင်ငွေကြေးလွှဲပြောင်းမှုတွေဖြစ်လာတဲ့အခါအရင်ကလိုငွေကြေးလွှဲပြောင်းမှုမှာအထစ် အငေါ့ရှိမှာကို
တော့ စိုးရိမ်စရာ မလိုတော့ဘူး၊ ပြီးတော ကြားထဲက တဆင့်ခံ ပွဲစားတွေလည်း မလိုတော့ဘူးပေါ့၊ ပြီးတော့ အရင်ကဆို စီမံချက်နဲ့ဖမ်းဆီး မှုတွေ ၊ ဟွန်ဒီတွေက ထွက်ပြေး တိမ်းရှောင် မှုတွေရှိခဲလို့ငွေလွှဲသူတွေ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြတယ်ဟု ရန်ကုန်မြို့မှ လျှပ်စစ်ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဟိန်းမင်းလတ်က ပြောသည်။

မြန်မာနိုင်ငံတွင်းအလုပ်အကိုင်ရှားပါးမှုနှင့်လုပ်ခလစာခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ကြောင့်နိုင်ငံရပ်ခြား
သို့သွားရောက်အလုပ်လုပ်ကိုင်ရသည့်မြန်မာအလုပ်သမားများသည်ဟွန်ဒီဟု ခေါ်သည့် ငွေကြေးလွှဲပြောင်း
မှုစနစ်တစ်မျိုးဖြင့်မြန်မာနိုင်ငံတွင်းရှိမိသားစုများသို့ မိမိတို့ရှာဖွေစုဆောင်းထားသည့် ငွေကြေးများအား ပြန်
လည်လွှဲပြောင်းမှုများရှိကြောင်း သိရှိရသည်။

မြန်မာအရှေ့တိုင်းဘဏ်နှင့်WesternUnionတို့၏ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကိုကနဦးအဆင့်စတင်နေ
ပြီဖြစ်သော်လည်းမြန်မာနိုင်ငံအတွင်းမှနိုင်ငံရပ်ခြားသို့ငွေကြေးလွှဲပြောင်းလို့ရဦးမည်မဟုတ်သေးပဲ ၊ ပြည်ပ
နိုင်ငံမှ မြန်မာပြည်တွင်းသို့သာ ငွေကြေးလွှဲပြောင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံခြားမှငွေလွှဲပြောင်းမှုတွေကိုလုပ်ဆောင်နိုင်ရန်အတွက်လည်းအမြန်ဆုံးလုပ်ကိုင်နေကြောင်း၊နိုင်ငံရပ်ခြား
ရောက်မြန်မာများ၏နိုင်ငံတွင်းသို့ငွေကြေးလွှဲပြောင်းပေးပို့ငွေမှာတစ်နှစ်လျှင်အမေရိကန်ဒေါ်လာသိန်းခြောက်
ထောင် နီးပါးရှိမည်ဟု မြန်မာအရှေ့တိုင်းဘဏ်မှ မန်နေဂျာ တစ်ဦးက ပြောသည်။
 
 
  Shwemyanmar

0 comments:

Post a Comment