Pages

Monday, October 22, 2012

ဖားကန့်မြို့နယ် ဟောင်ပါး-ဆယ်ဇင်းသွား ကားလမ်းမှာ KIA မိုင်းထောင်


KIA တပ်မဟာ(၂) လက်အောက်ခံ ရင်း(၆)မှ အရာခံဗိုလ်တစ်ဦးပါဝင်သော (၅)ဦးအဖွဲ့တစ်ဖွဲ့သည် အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီတွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပင်ကျေးရွာနှင့် ရွှေတော်ကျေးရွာကြား ဟောင်းပါး-ဆယ်ဇင်းသွား ကားလမ်း၏ အနောက်ဘက်ခြမ်း ကာလမ်းနှင့် ခြောက်ပေခန့် အကွာတွင် မိုင်းများ ထောင်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့လာပါတယ်။
အဆိုပါနေရာတွင် KIA မှ ဆရာကြီးတစ်ဦး ဦးစီးပြီး ရီမုမိုင်း၊ ဆွဲမိုင်းနှင့် တိုက်မိုင်းများ ထောင်နေသည်ကို ဒေသခံဦးမျိုးထွန်းက တောင်ယာသွားရင်း တွေ့ရှိခဲ့သဖြင့် ရွာလူကြီးအား လာရောက်ပြောပြခဲ့ကြောင်း သိရပါတယ်။
 
“ဦးမျိုးထွန်းက တောင်ယာသွားရင်းတွေ့တာ ၊ တွေ့တော့ဦးကြီးက ရွာကိုပြန်လာပြီအဲဒီနားကိုမသွားဖို့နဲ့ သွားရင်လည်းသေချာ ဂရုစိုက်ပြီး သွားဖို့ ပြန်လာပြောတာ” ဟု အဆိုပါသတင်းပေးပို့သူကဆိုပါတယ်။
 
ကချင်ပြည်နယ်အတွင်းKIA မှ ထောင်ထားသော မိုင်းများအား ဒေသခံပြည်သူများနေ့စဉ် နင်းမိပြီး သေဆုံး၊ ဒဏ်ရာရနေသောကြောင့် မိုင်းများ ပြန်လည်တူးဖော်ပေးရန် တောင်းဆိုထားသော်လည်း KIA ဌာနချုပ်မှ မိုင်းများ တိုးချဲ့ထောင်ရန် ညွှန်ကြားနေကြောင်း သိရပါတယ်။
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment