Pages

Monday, October 22, 2012

ရခိုင်ပြည်နယ် မင်းပြားမြို့ ပန်းမြောင်း သရက်အုပ်ကျေးရွာတွင် ဘင်္ဂါလီများ နေအိမ် ၂၀၀ ခန့် မီးရှို့  (ယနေ့ နောက်ဆုံးရသတင်း)




ရခိုင်ပြည်နယ်မင်းပြားမြို့နယ်၊ပန်းမြောင်းသရက်အုပ်ကျေးရွာတွင်အောက်တိုဘာလ၂၂ ရက်နေ့(ယနေ့)နံ
နက် ၇နာရီမှစ တင် ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၀၀ ခန့်မီးလောင်ကျွမ်းခဲ့ကြောင်း သိရ
သည်။
အဆိုပါသရက်အုပ်ကျေးရွာမှာ ဘင်္ဂါလီများ နေထိုင်သည့်ကျေးရွာဖြစ်ကာမိမိတို့ကျေးရွာကို မိမိတို့မီးရှိုခင်း
ဖြစ်ကြောင်းနှင့် ပရိန်ကျေးရွ၊လက်မ ကျေးရွာဘက်သို့အင်အားစုစည်းရန် ရွာကို မီးရှို့သွားခြင်းဖြစ်ကြောင်း
ဒေသခံများက ဆိုပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDHUyINFEJkrgEI9-wDxKphSw7srTHMcahKORAPiFYml1M_2X8jGHBzt1q-62NxsNYWr42TeRq_8KsNBpk9AsJLPvGm0sl9aJpXNyjB6G5uFPeD753rhd67sRfVyioQi46twwa7IlRlQ/s1600/Minbya-signboard.jpg

လက်ရှိတွင် မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်း နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်မှစတင်ကာ မီးလောင် ကျွမ်းမှု ဖြစ်ပွားလျက်ရှိနေကြောင်းလည်း ထပ်မံသိရှိရပါသည်။

ပရိန်ကျေးရွာမှာ လေးမြို့မြစ်ကမ်းဘေး၊ သရက်အုပ်ဘင်္ဂါလီရွာနှင့် တစ်ဖက်တစ်ကမ်းဖြစ်ကာ ရခိုင်တိုင်းရင်း သားများနှင့်ဘင်္ဂါလီများအတူနေထိုင်ကြသည့်ကျေးရွာဖြစ်ကြောင်းနှင့်အများစုနေထိုင်သူမှာဘင်္ဂါလီများဖြစ်
ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ရဲမှ လုံခြုံရေးယူထားကြောင်းလည်း သိရသည်။

Eleven Media Group

0 comments:

Post a Comment