Pages

Monday, October 22, 2012

ဖားကန့်ဒေသနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံ ဆန္ဒပြုလက်မှတ် တစ်သိန်းကျော်ကို နိုင်ငံတော်သမ္မတနှင့် ကေအိုင်အေသို့ ပေးပို့

http://sphotos-f.ak.fbcdn.net/hphotos-ak-snc7/c0.0.403.403/p403x403/578591_397669363638465_628971240_n.jpg
ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်းငြိမ်းချမ်းရေးလိုလားသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ စကာ ၈၈ မျိုးဆက်ကျောင်း သားများ အဖွဲ့များနှင့် ပေါင်းစည်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖားကန့်ဒေသ
ငြိမ်းချမ်းရေးအတွက် ဒေသခံပြည်သူများကစုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှာ အောက် တိုဘာလ ၁၀ ရက်နေ့တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါဆန္ဒပြုလက်မှတ်များပါဝင်သော စာအုပ်များကို နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ကော် မရှင်ဥက္ကဋ္ဌ၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်ဖားကန့်ဒေသကအိုင်အေတပ်မဟာ(၂)နှင့်ဌာနချုပ်သို့လည်းကောင်း
အောက်တိုဘာလ ၁၉ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။
 
''ဒီလက်မှတ်တွေထဲမှာ ဖားကန့် ဒေသမှာရှိတဲ့ ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင် လူမျိုးပေါင်းစုံပါတယ်။ အဓိက ကတော့ ပြည်သူတွေရဲ့ ဆန္ဒကို အခုလာမဲ့ ငြိမ်းချမ်းရေးဆွေနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက အမှန် တကယ်သိစေချင်တယ်။ အခုလောလောဆယ် မိုးညှင်း၊ မိုးကောင်းမှာလည်း ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး ရလိုတဲ့ဆန္ဒလက်မှတ်တွေကိုစုဆောင်းနေတုန်းရှိသေးတယ်''ဟုငြိမ်းချမ်းရေးလှုပ်ရှားနေသူဖားကန့်မြို့ ဒေသ
ခံ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

လာမည့်အောက်တိုဘာ ၂၄ ရက် ကမ္ဘာကုလသမဂ္ဂနေ့တွင် ''ဖားကန့်ဒေသ ငြိမ်းချမ်းပါစေ'' စာတန်း ပါသော စတေကာများကိုဖားကန့်မြို့ငြိမ်းချမ်းရေးလှုပ်ရှားသူများကဖားကန့်ဒေသများတွင် အခမဲ့ဖြန့် ဝေဦးမည်ဖြစ်
ပြီးအခြားသောငြိမ်းချမ်းရေးတောင်းဆိုမှုလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက် ကြဦးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
 
 ဖားကန့်ဒေသအတွင်းတွင်အောက်တိုဘာလဒုတိယအပတ်အတွင်းကေအိုင်အေနှင့် တပ်မတော်အကြား နှစ်
ဖက်ပစ်ခတ်မှု၊ ဒေသမအေးချမ်းမှု တို့ကြောင့် အရပ်သားလေးဦးသေ ဆုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ကျဆုံးသူဦးရေ ၂၀ နီးပါးရှိနေပြီဟု ဖားကန့်ဒေသခံများနှင့် ယာဉ်မောင်းများက ပြောကြားသည်။ 
 
ဖားကန့်ဒေသတွင်အောက်တိုဘာလ ၁၅ ညနေ ၆ နာရီ စာရင်းအရ ‘ဒုက္ခသည်ဦးရေပေါင်း ၃၇၈၉ ဦးရှိနေပြီး အများစုမှာ ဆန်၊ အ၀တ်အထည်၊ ဆေးဝါးလုံလောက် မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

Eleven Media Group

0 comments:

Post a Comment