Pages

Monday, October 22, 2012

ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံး(ယနေ့ နောက်ဆုံးရသတင်း)

MarmBra


မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ် မှုဖြင့်  ရခိုင် ၄ ယောက်နှင့် စစ်
တပ်မှ ၂ ယောက်ကျဆုံးဟု ဖုန်း သ တင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်သည်
လည်း  သိရပါသည်။ ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့်နာမည် အတိ
အကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။
၅း၀၀ နာရီ သတင်း
---------------
စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေ
အချာ ပြန်ပြောပြပါသည်
။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြား ခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်းများမှာ အ
လွန်မြန်ဆန်သဖြင့် တချို့  သတင်းများသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါသည်။

 အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေးအားနည်းသော
 ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။

 ၅း၄၅ နာရီ သတင်း
-----------------
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး 
စမ်းဘလီကျေးရွာတွင်
 အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ  ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါ
သည်။ အခြေအနေမှာ  တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို 
အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။

ည ၇း၀၀ နာရီသတင်း
 
ယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦးထိဒါဏ်ရာရှိခဲ့

ကြာင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြား ခဲ့ပါသည်။ 

အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာပြင်းထန်လွန်းသဖြင့် ယခုချက်ချင်း စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

 သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျ အတည်မပြုနိုင် သော်လည်း 
ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း (၁)လောင်းရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။


Rakhine Straight Views

0 comments:

Post a Comment