Pages

Monday, October 22, 2012

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား

ရည်းစားဖြစ်သူ၏မိဘများမှလက်ထပ်ရန်သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသားတစ်
ဦး  မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။လက်ထပ်ရန်သဘောမတူ
သဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင်
ဖစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်ကြောင်း သိရ
သည်။

အဆိုပါ အမျိုးသားမှာ ၀ါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ပြီး ဗဟန်းမြို့နယ် ရေတာ ရှည်ရပ်
ကွက်၊ ရေတာရှည်လမ်းသစ်ရှိ သင်္ကန်းတိုက်တစ်ခုအတွင်း အောက်တိုဘာလ ၁၉ ရက်နေ့ည ၉နာရီအချိန်
တွင် တီဗီအင်တာနာကြိုးအား နှစ်ခေါက်ခေါက်၍ နေအိမ် အိပ်ခန်းရှိစာအုပ်စင်တွင်ချည် နှောင်ကာလည်ပင်း
တွင် နှစ်ပတ်ပတ်ပြီးစာအုပ်စင်ရှေ့ဆိုဖာပေါ်တွင်ပက်လက်အနေအထားဖြင့် ကြိုးဆွဲ ချသေဆုံးနေကြောင်း
သိရသည်။

အဆိုပါဖြစ်စဉ်ကိုဗဟန်းရဲစခန်း သေမှုသေခင်းအမှတ်စဉ်၂၂/ ၂၀၁၂ ဖြင့်အမှုဖွင့်ပြီးစစ်ဆေးလျက်ရှိကြောင်း
သိရသည်။

0 comments:

Post a Comment