Pages

Tuesday, October 9, 2012

ထိုင်း ရေတပ်ထဲက Gangnam Style သီချင်းနဲ့ အက

တောင်ကိုရီယား PSY ရဲ့ Gangnam Style တဲ့ သီချင်းနဲ့ အက ဟာ ထိုင်းနိုင်ငံ က ရေတပ်ထဲအထိ ထိုးဖောက်ဝင်ရောက် လာပါပြီ။ဘယ်လို ထိုးဖောက်ဝင်ရောက်မွှေနှောက် လာသလဲ ဆိုရင် ရေတပ်မှာ ဒရင်
လ်လို့ခ်ါတဲ့အစမ်းလေ့ကျင့်ခန်းလုပ်ကြသလိုGangnamStyleကသီချင်းနဲ့အက က နေရာဝင်ယူလိုက်သလို
ပါတဲ့။
ထိုင်းနိုင်ငံ ဖူးခက်မှာ အခြေစိုက်တဲ့ အမှတ် ၃ ရေတပ်ကွပ်ကဲရေး စင်တာမှာ Gangnam Style သီချင်းနဲ့ ကခုန်နေကြတဲ့ ထိုင်း သင်္ဘောသားတွေက ကခုန် သီဆိုနေကြတာကို ယူကျူပေါ် စင်တင်ဘာလ ၂၆ ရက် နေ့ တင်လိုက်တဲ့အခါ အခုဆိုရင်  ကြည့်ရှု့သူ ၅ သိန်းကျော် ရှိလာပါတယ်။  
 
Gangnam Style ဟာ ဗြိတိန်မှာ နံပတ် ၁ လူကြိုက်အများဆုံးဖြစ်နေပြီး အမေရိကားမှာ နံပတ် ၂ ဖြစ်နေ ပါပြီ။ အခုလို လူ ကြိုက်များ ရေပန်းစားတဲ့ အဆို၊ အကဟာ ထိုင်းရေတပ်ကိုတော့ မွှေနေပါပြီတဲ့။ 

တချို့ ရေတပ်အရာရှိတချို့ကတော့ အခုလို ယူကျုပေါ်ကို ဒီဗီဒီယိုကို တင်လိုက်တာကြောင့် စိတ် မသက် မသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒီဗီဒီယိုကြောင့် အထက်အရာရှိတွေလည်း ခုခံ ကာကွယ်ပြောနေကြ ရပါတယ်တဲ့။ 


 ဧရာဝတီ

0 comments:

Post a Comment