Pages

Tuesday, October 9, 2012

စက်ရုပ်တောင်ပံများဖြင့် ထူးထူးခြားခြား သီဆိုဖျော်ဖြေခဲ့သည့် ဘီဘာ

စက်ရုပ်တောင်ပံများဖြင့် ထူးထူးခြားခြား သီဆိုဖျော်ဖြေခဲ့သည့် ဘီဘာ

ဂျက်စတင် ဘီဘာတစ်ယောက် ဖျော်ဖြေပွဲ အစီအစဉ်တွင် စက်ရုပ် နတ်တမန် တစ်ပါးအသွင် ပြောင်းလဲသွား
ကြောင်း သိရှိရသည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်လေးသည် ၎င်း၏ နောက်ဆုံး ပြုလုပ်
သော ဖျော်ဖြေပွဲတွင် ယန္တရားစက်ရုပ် တောင်ပံကြီးများ တပ်ဆင်ကာ ပရိသတ်များရှေ့တွင် သီဆို ဖျော်ဖြေ
သွားသည်။
အသက်(၁၈)နှစ် အရွယ်ရှိ ဘီဘာသည် စနေနေ့က ကယ်လီဖိုးနီးယားရှိ Oracle အားကစားကွင်းကြီးတွင်၎င်း
၏ Believe အယ်လ်ဘမ်သစ်အတွက် Promotion အစီအစဉ်အဖြစ် ဖျော်ဖြေမှု ပြုလုပ်ခဲ့သည်။ ၎င်းသည် ကေ
ဘယ်လ်ကြိုးများ ဆိုင်းထားပြီးနောက် လေထဲတွင် ဝဲပျံနေသည့်နှယ် ရွေ့လျား သွားလာနေခဲ့သည်ကို တွေ့ရ
သည်။




ဘီဘာ၏ ပရိသတ်များသည် ၎င်းတို့ ချစ်ခင်အားပေးသည့် အဆိုတော်လေး၏ စိတ်ကူးဆန်းဆန်း ဖျော်ဖြေ

မှုကို ကောင်းချီးပေးခဲ့ကြသည်။ ဘီဘာသည် ၎င်း၏ ရှည်လျား ကြာညောင်းလှသော ကမ္ဘာလှည့် ဖျော်ဖြေ
ရေး အစီအစဉ်ကို အရီဇိုးနားတွင် အစပြုခဲ့ပြီး ဖြစ်သည်။

ဘီဘာသည် ပြီးခဲ့သည့် သီတင်းပတ် ဖျော်ဖြေပွဲတွင် Out of Town Girl သီချင်းကို သီဆိုနေရင်း နာမကျန်းသ

ဖြင့် စတိတ်စင်ပေါ်တွင်ပင် အော့အန်ခဲ့သေးသည်။ ၎င်းသည် ထိုဖြစ်ရပ်အတွက် ပရိသတ်များအား တောင်း
ပန်ခဲ့ပြီး နွားနို့ အသောက်များသွားသဖြင့် မအီမလည်ဖြစ်ကာ ယခုလို အမှားအယွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်
ကြောင်း ဖြေရှင်းခဲ့သေးသည်။

 

Planet Myanmar Network:

0 comments:

Post a Comment