Pages

Tuesday, October 9, 2012

အာဖဂန်တွင် အမေရိကန်၏ စစ်ပွဲဆင်နွှဲမှု ၁၂ နှစ်ပြည့်မြောက်


အာဖဂန် နစ္စတန် နိုင်ငံတွင် အမေရိကန်၏စစ်ဆင်နွှဲမှုသည်ယခုအခါ (၁၂)နှစ် ပြည့်မြောက်သွားပြီ ဖြစ်သည်
။ အောက်တိုဘာလ (၇)ရက်နေ့က အာဖဂန် စစ်ပွဲ စတင်မှု (၁၂)နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီး ယင်းစစ်ပွဲ
တွင် အမေရိကန်နှင့် စစ်မဟာမိတ် နိုင်ငံများမှ တပ်ဖွဲ့ဝင် (၃၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
အမေရိကန် စစ်တပ်မှ တပ်သားချည်း အသေအပျောက် (၂၀၀၀)ကျော် ရှိခဲ့သော စစ်ပွဲသည် ယခုအချိန်ထိ အဆုံးမသတ်နိုင်သေးရာ အမေရိကန် နိုင်ငံ သမိုင်းတစ်လျှောက် ကာလအကြာဆုံး တိုက်ပွဲအဖြစ်လည်း မှတ်
တမ်းဝင်ခဲ့သည်။ စစ်ပွဲတွင် အာဖဂန်ပြည်သူရာပေါင်း၊aထာင်ပေါင်းများစွာတို့လည်း သေကြေပျက်စီးခဲ့သည်။


အမေရိကန်သည် (၂၀၀၁)ခုနှစ်၊ စက်တင်ဘာ (၁၁)ရက်နေ့က နယူးယော့ခ်မြို့တွင် WTC အမြွှာမျှော်စင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး ဖြစ်ပွားသည့်နောက် အဓိကလက်သည်ဖြစ်သည့် အယ်လ်ကေးဒါး ခေါင်း
aဆာင်ကြီး အိုစမာ ဘင်လာဒင်ကို ဖမ်းဆီး သုတ်သင်ရန် ယခုစစ်ပွဲကို စတင်ခဲ့သည်။ 

ယခုအခါ ဘင်လာဒင် သေဆုံးသွားပြီ ဖြစ်သလို အာဖဂန်တွင် အမေရိကန် ထောက်ခံသော အရပ်သား အစိုး
ရသစ် တက်လာသော်လည်း ဘင်လာဒင်၏ မဟာမိတ် ဖြစ်ခဲ့သော တာလီဘန်တို့နှင့် ဆက်လက် ဖြစ်ပွားနေ
aသာ တိုက်ပွဲသည် ယနေ့တိုင် မပြီးပြတ်သေးချေ။

အထူးသဖြင့် ပြီးခဲ့သော နှစ်များအတွင်း စစ်သွေးကြွများ၏ လှုပ်ရှားမှုများ ပိုမို အားကောင်းလာခြင်းကြောင့် အာဖဂန်နှင့် အမေရိကန် အစိုးရတို့ ပိုမို အကျပ်တွေ့လာခဲ့သည်။ ထို့အပြင် အာဖဂန် စစ်သားများနှင့် ရဲများ

က ၎င်းတို့၏ မဟာမိတ်ဖြစ်သော အမေရိကန် တပ်များကို ပြန်လည် တိုက်ခိုက်မှုများ  ဖြစ်ပေါ်လာခြင်းက
လည်း ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေခဲ့သည်။ 

အမေရိကန်နှင့် NATO မဟာမိတ် တပ်ဖွဲ့များက တာလီဘန်တို့ကို အာဖဂန်အစိုးရ အနေဖြင့် (၂၀၁၄)ခုနှစ်
တွင် အပြီးသတ် ချေမှုန်းနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ကမ္ဘာ့စစ်ရေး သုတေသီများက အမေရိကန် ဆုတ်ခွာသွားချိန်တွင် အာဖဂန်၌ ဆိုးရွားသော ပြည်တွင်းစစ်ပွဲများ စတင်လာနိုင်ကြောင်း ကြိုတင်သုံးသပ်
ထားသည်။ 


Planet Myanmar Network:




0 comments:

Post a Comment