Pages

Tuesday, October 9, 2012

အမေရိကန်သို့ရောက်အောင် ဒုံးကျည်ပစ်ခတ်နိုင်ဟု မြောက်ကိုရီးယားပြောကြား


အမေရိကန် နိုင်ငံသည်မိမိတို့၏ ဒုံးကျည်ပစ်ခတ်နိုင်စွမ်းရှိသောအကွာအဝေးအတွင်း၌သာတည်နေကြောင်း
မြောက်ကိုရီးယားက ပြောကြားလိုက်သည်။ မြောက်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော တောင်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း ကန့်သတ်အကွာအဝေး တိုးမြှင့်မှုကိုအမေရိကန်က ထောက်ခံ အားပေးခဲ့ပြီးနောက်
မြောက်ကိုရီးယား ကာကွယ်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ယခုလို ထုတ်ဖော် ပြောဆို
လာခြင်း ဖြစ်သည်။




တောင်ကိုရီးယား အစိုးရက မိမိတို့၏ ဒုံးကျည်များ ပစ်လွှတ်နိုင်မည့် အကွာအဝေးကို (၁၉၇၉)ခုနှစ် သဘော
တူညီချက်အရ မိုင်(၁၉၀)ထိသာ ကန့်သတ်ထားသော်လည်း ယခုအခါ မိုင်(၅၀၀)သို့ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည်။

ယင်းအကွာအဝေး သတ်မှတ်ချက်အရ မြောက်ကိုရီးယား တစ်နိုင်ငံလုံးရှိ မည်သည့် ပစ်မှတ်ကိုမဆို တောင်
ကိုရီးယား ဒုံးကျည်များထိမှန်အောင်ပစ်ခတ်နိုင်မည်ဟု သိရှိရသည်။


Planet Myanmar Network:

0 comments:

Post a Comment