Pages

Tuesday, October 9, 2012

သေနတ်အစစ်နှင့် အလွန်တူသော ဂိမ်းလက်ကိုင် ရောင်းချမည်


ကွန်ပျူတာ ဂိမ်းများတွင် အသုံးပြုနိုင်မည့် သေနတ်အစစ်နှင့် အလွန်တူသော ခေတ်မီ ဂိမ်းလက်ကိုင် တစ်မျိုး
ကို လာမည့်နှစ်တွင် ထုတ်လုပ် ရောင်းချသွားမည် ဖြစ်သည်။ အဆိုပါ သေနတ်သည် အစိတ်အပိုင်း အမျိုးမျိုး အဖြုတ်အတပ် ပြုလုပ်ကာ သေနတ်ပုံစံ မျိုးစုံအောင် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထို့အပြင် သေနတ်တွင် ပါရှိသည့် Built-in Accelerometerက ဂိမ်းလှုပ်ရှားနေသည့် Screen ဖန်သားပြင်ကို
aထာက်လှမ်းပေးမည် ဖြစ်ရာ TV Setတွင် သီးခြား Receiver မပါဘဲ တပ်ဆင်နိုင်မည် ဖြစ်သည်။

ထိုဂိမ်းသေနတ်ကို Call of Dutyကဲ့သို့ First Person Shooter ဂိမ်းအမျိုးအစားများအတွက် ရည်ရွယ် ထုတ်လုပ်

ထားခြင်း ဖြစ်သည်။ သေနတ်တွင် Auto-Aimကဲ့သို့ စနစ်များ ပါရှိပြီး ဂိမ်းအတွင်း ကျည်ဖြည့်ရန် လိုအပ်လာ
သည့်အခါ သေနတ် ကျည်ကတ်ကို သေနတ်အစစ်များ ကျည်ဖြည့်သကဲ့သို့ အသုံးပြုရမည် ဖြစ်သည်။



Delta Sixဟု အမည်ပေးထားသော အဆိုပါဂိမ်းလက်ကိုသင်ကို Avenger ဂိမ်းJoypad တီထွင်သူ ဒေးဗစ် ကော့
ကင်ကပင် ဖန်တီးထားခြင်း ဖြစ်သည်။ ကော့ကင်က "Call of Dutyလို ဂိမ်းတွေကို ကစားရတဲ့အခါ Gameplay
ကို ပိုပြီး ခံစား သက်ဝင်စေနိုင်မယ့် ပစ္စည်းမျိုး တီထွင်ဖို့ စိတ်ကူးရခဲ့လို့ပါ။ 

ဒီအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းကတော့ သေနတ်တစ်လက်နဲ့ ကိုယ်တိုင်ပစ်နေဖို့ပဲလေ"ဟု ရှင်းပြခဲ့သည်
။ Delta Sixကို အသက်(၂၁)ထက် ငယ်ရွယ်သော လူငယ်ပိုင်းတွင် အသုံးမပြုသင့်ဟုလည်း ၎င်းက ဆိုသည်။ 

အဆိုပါ သေနတ်ကို လာမည့်နှစ် အစောပိုင်းတွင် ထုတ်လုပ် ရောင်းချသွားရန် ရည်ရွယ်ထားသည်။ ဈေးနှုန်း
မှာ (၈၉)ဒေါ်လာ ဝန်းကျင် ဖြစ်နိုင်ကြောင်းလည်း သိရှိရသည်။


Planet Myanmar Network:

0 comments:

Post a Comment