Pages

Sunday, October 14, 2012

အပန်းဖြေရာစံအိမ်တော်ကြောင့် တောင်အာဖရိကသမ္မတ ဝေဖန်ခံရ


အနားယူ အပန်းဖြေရာ စံအိမ်တော်ကို အကောင်းစား ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့မိမှုကြောင့် တောင်အာဖ
ရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားတစ်ယောက် အပြင်းအထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အိမ်တော် ခြံဝင်း၏ တံတိုင်းကို အသစ်ပြင်ခြင်း၊ ဆေးခန်းတစ်ခု ထည့်သွင်းခြင်း၊ မီးကာကွယ်မှု စနစ်တစ်ခု ထည့်သွင်းခြင်းနှင့် ရဟတ်ယာဉ်ကွင်း တစ်ခု တည်ဆောက်ခြင်းများ အပါအဝင်အခြားသောအဆင့်မြှင့်တင်မှု
များ ပြုလုပ်ခဲ့သည့်အတွက် ကုန်ကျစရိတ်သည် ဒေါ်လာ (၂၃)သန်းမျှ ရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့
သည်။


တောပိုင်းရှိ စံအိမ်ကို ယခုလို မွမ်းမံတည်ဆောက်ခြင်းသည် အခွန်ထမ်း ပြည်သူများ၏ ငွေကြေးကို စည်းမဲ့
ကမ်းမဲ့ သုံးဖြုန်းခြင်းဟု ဝေဖန်မှုများထွက်ပေါ်လာခြင်း ဖြစ်သည်။အထူးသဖြင့်တောင်အာဖရိကတွင်လူသန်း
ပါင်းများစွာသည် နေအိမ် ပိုင်ဆိုင်မှု မရှိသလို ရေပေးဝေမှု စနစ်၊ လျှပ်စစ်ဓာတ်အားနှင့် ကျန်းမာရေး၊ ပညာ
ရေး ကဏ္ဍများတွင် အားနည်းချက်များ ရှိနေရာ ဇူးမား၏ လုပ်ရပ်အပေါ် ယခုလို ရှုတ်ချလာခြင်းဟု သိရှိရ
သည်။

0 comments:

Post a Comment