Pages

Sunday, October 14, 2012

မြန်မာ ၃ ဦး ယာဘးဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

 
ယာဘဆးပြား၄၀၀၈၈နှင့်အတူမြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။သူတို့သည်အဆိုပါယာဘဆေးပြားများကိုဘုတ်တစ်စီးဖြင့်ဘင်္ဂလာဒေခ်ျ့ဘက်သို့တင်သွင်းလာစဉ် နတ်မြစ်
အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

လျို့ဝှက်သတင်းအရတက်ကနက်မြို့နယ်နာဆီယာပါရာအနီးကနတ်မြစ်အတွင်းဘုတ်တစ်စီးပေါ်ကို တက်
ရောက်ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြောသည်။

သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။
 
 
Narinjara

0 comments:

Post a Comment