Pages

Sunday, October 14, 2012

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များ နည်းပညာမြှင့်တင်မှု ပြုလုပ်မည်


အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့်လက်နက်
သယ်ယူမှု စနစ်များပိုမိုကောင်းမွန်အောင်အဆင့်မြှင့်တင်နေကြောင်း သိရသည်။ NorthropGrummanကုမ္ပဏီ
က မြန်နှုန်းမြင့် Processing စနစ်သစ် တစ်ခုအတွက် Softwareရော၊Hardwareပိုင်းပါ မြှင့်တင်မှုကို ပြုလုပ်သွား
မည်ဟု အတည်ပြုခဲ့သည်။
လေတပ်၏ ကန့်သတ် အရေအတွက်ဖြင့် တည်ဆောက်ထားသည့် B-2 အမျိုးအစား လေယာဉ်များတွင်သာ အဆိုပါ စနစ်ကို မွမ်းမံခြင်း ဖြစ်သည်။ B-2များသည် ဂြိုဟ်တုကွန်ရက်ဆက်သွယ်မှု ကြိမ်နှုန်းမြင့် ဖမ်းယူချိတ်
ဆက်လာနိုင်မည် ဖြစ်ပြီး ယင်းအတွက် ဒေါ်လာ (၁၀၈)သန်းမျှ ကုန်ကျဖွယ် ရှိနေသည်။ 

ထို့အပြင် လေယာဉ်အတွင်း ကွန်ပျူတာ အချက်အလက်များ လျင်မြန်စွာ တွက်ချက်နိုင်ရန် Fiber-Optic ကြိုး
များ အစားထိုး တပ်ဆင်သွားရန်လည်း လေတပ်က စီစဉ်ထားသည်။


NorthropGrummanကထုတ်လုပ်သောB-2လေယာဉ်များကိုကမ္ဘာပေါ်တွင်အမေရိကန် လေတပ်တစ်ခုတည်း
ကသာ ပိုင်ဆိုင်သည်။ ကာလပေါက်ဈေး တစ်စင်းလျှင် ဒေါ်လာ (၁)ဘီလျံကျော်တန်ဖိုးရှိသည့် လေယာဉ်များ
ကို (၁၉၉၇)ခုနှစ် ကတည်းက စုစုပေါင်း (၂၁)စင်းထိ တည်ဆောက်ခဲ့ပြီး ကိုဆိုဗို၊အီရတ်၊အာဖဂန်နစ္စတန်နှင့်
လစ်ဗျား စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ 

(၂၀၀၈)ခုနှစ်က B-2တစ်စင်း ပြေးလမ်းမှအတက်တွင်ပျက်ကျခဲ့သည့်နောက်လတ်တလောတွင် အမေရိကန်
 လေတပ်၌ B-2 အစင်း(၂၀)သာ ရှိတော့ကြောင်းလည်း သိရှိရသည်။


Planet Myanmar Network:

0 comments:

Post a Comment