Pages

Sunday, October 14, 2012

ဒေါပုံမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

thn-10-13-6



ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်တွင်အောက်တိုဘာလ ၁၃ရက်နေ့ ည  ၉နာရီ ၁၅မိနစ် အချိန်ခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင် ကယ်မောင်းနှင်သူအမျိုးသားနှစ်ဦးစလုံး ပြင်းထန်
စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ဒေါပုံမြို့နယ် Capital Hypermarket ဘက်မှသာကေတအမှတ် ၁ဈေးဘက်သို့ မင်းနန္ဒာလမ်းမကြီး
အတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့်မျက်နှာချင်းဆိုင်ဘက်မှလာသော မော်တော်ဆိုင်ကယ်
တို့ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းမကြီး၊အိမ်အမှတ်၂၇၉ ရှေ့အရောက်တွင်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။

 ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်နေထိုင်သူ ကိုငြိမ်းချမ်းက''ကျွန်တော်ကအိပ်နေပါပြီ။ ၀ုန်းကနဲအသံကြားလိုက်
ပြီး ခဏနေ အိမ်ရှေ့မှာဆူညံဆူညံအသံတွေကြားလို့ ထွက်ကြည့်တော့မှ ဆိုင်ကယ်ချင်း တိုက်မိတယ်လို့သိ
ရတာပါ။ မောင်းတဲ့သူနှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရာရကြပါတယ်။

အရေးပေါ်လူနာတင်ယာဉ်ကားနှစ်စီး မလာခင် ၉နာရီ၄၅မိနစ် လောက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ
က ဆေးရုံကို တက္ကစီငှားပြီး ပို့တာကိုတွေ့ရပါတယ်'' ဟုပြောပြခဲ့ပါသည်။ 

အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အရာ ရှိတစ်ဦးကလည်း ''ဌာနဆိုင်ရာ
က ၀န်ထမ်းလား အရပ်သားတွေ လားဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ။လက်ရှိလူနာတွေကိုရန်ကုန် ဆေး
ရုံကြီးကို ပို့လိုက်ပါပြီ။ဆိုင်ကယ်ပဲစီးစီး၊ကားပဲစီးစီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို ကောင်းကောင်း နား
လည်မှ စီးသင့်တယ်လို့ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

အဆိုပါ ဆိုင်ကယ်တိုက်မှုဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နှစ်စီးလုံး ဆိုးရွားစွာပျက်ဆီးခဲ့ပြီးယင်းဆိုင်ကယ်
နှစ်စီးလုံးကို သက်ဆိုင်ရာမှ ထိန်းသိမ်းသွားကြောင်း လည်း သိရသည်။

0 comments:

Post a Comment