Pages

Sunday, October 14, 2012

ရောမဧကရာဇ် ဂျူးလီးယက်ဆီဇာ လုပ်ကြံခံရသောနေရာ အတည်ပြုနိုင်ပြီ

ရောမဧကရာဇ် ဂျူးလီးယက်ဆီဇာ လုပ်ကြံခံရသောနေရာ အတည်ပြုနိုင်ပြီဖြစ်

တစ်ချိန်ကဘုန်းမီးနေလ တောက်ပခဲ့သော ရောမအင်ပါယာ၏ ဧကရာဇ်ဘုရင်ဂျူးလီးယက်ဆီဇာလုပ်ကြံခံရ
သော နေရာကို သမိုင်းသုတေသီများက အတည်ပြု သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ခရစ်တော် မတိုင်မီ(၄၄)နှစ်
က ဖြစ်ပွားခဲ့သော လုပ်ကြံမှု ပေါ်ပေါက်ခဲ့သော နေရာကို စပိန် အမျိုးသား သုတေသန ကောင်စီက အချိန်ယူ
 ထောက်လှမ်းမှု ပြုလုပ်ပြီးနောက် ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်သည်။
ယခုအခါ ဆီဇာ၏ နောက်ဆုံးအသက်ရှင်ခဲ့ရာ အဆောက်အအုံပျက် နေရာကို တွေ့ရှိလာခဲ့သည်။ယင်းသည်
 (၁၀)ပေကျယ်ကာ (၆)ပေ မြင့်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံကို ဆီဇာ ကွယ်လွန်မှု အထိန်း
အမှတ်အဖြစ် ဆီဇာ၏ မွေးစားသားနှင့်ရာထူးဆက်ခံသူ အောဂက်စတက်က ဆောက်လုပ်စေခဲ့ခြင်း ဖြစ်
သည်။


တိုရီ အာဂျင်တီနာ အရပ်ရှိ မနုဿဗေဒ လေ့လာရေး သုတေသန တူးဖော်မှုလုပ်ငန်း နေရာတွင် အဆိုပါ အ
ထိမ်းအမှတ် ကွန်ကရစ် အဆောက်အအုံ တည်ရှိနေခြင်း ဖြစ်သည်။ဆီဇာသည်ခန္ဓာကိုယ်ညာဘက် အောက်
နားတွင် ဓားထိုး လုပ်ကြံ ခံရခြင်း ဖြစ်သည်။ ၎င်းသည် လွှတ်တော်တွင် သဘာပတိ တာဝန်ယူကာထိုင်နေစဉ်
 လုပ်ကြံရေးသမားများက တိုက်ခိုက်ခဲ့ခြင်းဟု သမိုင်း သုတေသီများက ဆိုသည်။

သုတေသီ တစ်ဦးဖြစ်သော အန်တိုနီယို မွန်တာရော့စ်က "ဆီဇာက Curia of Pompeyမှာ (၄၄)ဘီစီ၊ မတ်လ (၁၅)ရက်နေ့က သေဆုံးခဲ့မှန်း သိခဲ့တယ်။ သမိုင်းဝင်မှတ်တမ်းတွေကဒါကို ထောက်ခံထားပြီးသားပါ။ခုတော့
 နေရာကိုပါ တိတိကျကျ ဖော်ထုတ်လာနိုင်တာ ဖြစ်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။


Planet Myanmar Network:

0 comments:

Post a Comment

 
world time