Pages

Monday, October 8, 2012

တော်ဝင်သစ်အချောထည်စက်ရုံလုပ်သားများ ရုံးချုပ်အရှေ့၌ အလုပ်ရှင်နှင့်တွေ့ရန် တောင်းဆို

တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမား (၃၀၀)ကျော်သည် ၄င်းတို့တောင်းဆိုထားသည့် အချက်များအား အလုပ်ရှင် ထံတင်
ပရန်ဦးးဝိစာရလမ်းပေါ်ရှိတော်ဝင်မိသားစုကုမ္ပဏီရုံးချုပ်ရှေ့တွင်အောက်တိုဘာလ(၈)ရက် နံနက်ပိုင်းက ကုမ္ပဏီပိုင်ရှင်အား တွေ့ဆုံရန် စုရုံးစောင့်ဆိုင်းမှု ပြုလုပ်နေကြကြောင်း သိရှိရပါသည်။“ကျွန်တော်တို့ ဒီကိုလာတာ ဆန္ဒပြတာလည်း မဟုတ်ဘူး။ တောင်းဆိုထားတဲ့အ
ချက်တွေကို သူဋ္ဌေးကို သိစေ ချင်လို့ တိုက်ရိုက်လာ တွေ့ဖို့တောင်းဆိုတာပါ။ အောက်ခြေမှာဖြစ်နေတာတွေကို သူဋ္ဌေးက သိချင်မှသိ
မှာလေ။ စက်ရုံမှုးနဲ့တော့ အလုပ်မဖြစ်ဘူး။”ဟု ကိုထက်ကိုကို (အလုပ်သမား)က ပြောသည်။EC စာချုပ်အား အပြီးသတ်ချုပ်ဆိုပေးရန်၊ အဆိုပါ (EC) စာချုပ်အား ဥပဒေနှင့်အညီ တင်ပြထားကြောင်း အလုပ် သမားများကို ခွဲခြား
ဆက်ဆံခြင်းမပြုရန်နှင့် တန်းတူညီတူဆက်ဆံပေးရန်စသည့် အချက်များအပါအ၀င် အချက်(၉) ချက်အား တင်ပြရန် စောင့်ဆိုင်းခဲ့
ကြောင်း သိရသည်။

“ကျွန်တော်တို့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို ဥပဒေနဲ့အညီပေးထားပါတယ်။ လိုအပ်တာတွေကို စက်ရုံမှုးကတင်ပြရင် လုပ်
ဆောင်ပေးသွားပါ့မယ်။ စက်ရုံးမှုးက မတင်ပြရင် ကျွန်တော်အနေနဲ့လုပ်သွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကို ခန့်ထားတာ သူကို ယုံလို့ပါ။”တော်ဝင်ကုမ္ပဏီမှ (MD) ဦးကိုကိုထွေး က ပြောသည်။

နေ့စားဖြင့် လုပ်ကိုင်သူများအား လုပ်ခဖြတ်ခွင့်မရှိဟု ကုမ္ပဏီစည်းကမ်းတွင် ပါဝင်ကြောင်း ဘာသာခြား၊ လူမျိုးခြားတို့အား ကန့်သတ်
၍ ရာထူးမရသည့် ကိစ္စရပ်များလည်း မရှိကြောင်း ၄င်းကဆက်ပြောသည်။“ခွဲခြားဆက်ဆံတာလည်းမရှိပါဘူး။ စက်ရုံ အုပ်ချုပ်သူတွေ
က သူတို့သဘောမကျတဲ့သူကို နှိမ့်ချ ဆက်ဆံတာ ရှိရင်လည်း ဒါကို အမြဲတမ်းလေ့လာစုံစမ်းပြီး အဲလို ဖိနှိပ်မှုမျိုး မရှိအောင် ဆောင်
ရွက်ပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာ လူရဲ့ သဘာဝအရတော့ ကျေနပ်ရင် ကျေနပ်သလို ပြုလုပ်မှုလေးတွေရှိပါတယ်။ သစ်နဲ့ပတ်သက် ထုတ်လုပ်ရောင်းချတာတွေကို အတတ်နိုင်ဆုံး လျော့တယ်။ မသုံးမဖြစ်တဲ့ နေရာလောက်ပဲ သုံးတော့တယ်။ ဒါကြောင့် သစ်စက်ရုံက အ
လုပ်ပါးသွားတယ်။ ပါးသွားတဲ့အတွက် လူတစ်ရာလောက် အလုပ်လုပ်ရင်ရတယ်။ သို့သော်ခန့်ပြီးထားတဲ့သူတွေကို အလုပ်မဖြုတ်ပစ်
ဘူး။ ခန့်ပြီးသားသူကို အလုပ်ဖြုတ် ရမှာ အင်မတန်ဝန်လေး ပါတယ်”ဟု ဦးကိုကိုထွေးက ဆက်ပြောသည်။

အလုပ်ရှင်အလုပ်သမားကိစ္စအား မြို့နယ်အလုပ်သမားဦးစီးဋ္ဌာနက လာရောက်ညှိနှိုင်းပေးမှုများလည်းရှိကြောင်း စက်ရုံမှူးထံက သိရ
သည်။“ဒီကြားထဲမှာ မြို့နယ်ကလာတယ်။ ညိုနှိုင်းပေးတယ်။ ဒါပေမယ့် သူတို့က တစ်ခုပြီးတစ်ခု အဆင်မပြေ ဖြစ်နေ ကြတယ်။ ဘယ်
လိဖြေရှင်းပေးရမလဲကို မသိဘူး။ နားလည်အောင်လည်း ပြောပြပါတယ်။ အထက်က ဆုံးဖြတ် တဲ့ အတိုင်းပဲ စက်ရုံနဲ့ပတ်သတ်တဲ့ ၀န်
ထမ်းတွေကို စာချုပ်ချုပ်ပြီး စက်ရုံမှာ အတည်တကျထား သွားမယ်။ စက်ရုံနဲ့မပတ်သတ်ပဲ ဆောက်လုပ်ရေးက သူတွေကိုတော့
 ဆောက်လုပ်ရေးရဲ့ သဘောတရားတိုင်းပဲ ဖန်တီး သွားပါမယ်။” စက်ရုံမှုး ဦးညွှန့်သန်းက ပြောသည်။

အဆိုပါပြသာနာနှင့်ပတ်သက်၍ အလုပ်ရှင်မှာညှိနှိုင်းဖြန်ဖြေရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းမရှိပဲ စက်ရုံမှူးနှင့် သာလွှတ်ထား
ကြောင်းကိုလည်း ဖြန်ဖြေရေးအဖွဲ့များက ဆိုသည်။

“စာချုပ်တစ်ခါချုပ်တယ်။ ချုပ်တဲ့စာချုပ်ကိုလည်း မလိုက်နာဘူး။ လုံးဝလုပ်မပေးဘူးပေါ့ဗျာ။ အတိအလင်းလုပ် တယ်။ စည်းကမ်းတွေ
ကလည်း တဖတ်သတ်ဆန်တဲ့ စည်းကမ်းမျိုးတွေကြီးပဲ။ စက်ရုံမှာရှိတဲ့ အကြီးပိုင်းတွေက လုပ်ပေးမယ် လုပ်ပေးမယ်နဲ့ လုံးဝမလုပ်ပေး
ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကို နေရာလွှဲပြောင်းလိုက် တယ်။ တချက်လိုက်လျောပေးပြီး သွားရင် နောက်အချက်တွေကို ဖောက်
ဖျက်တယ်။ ညိုနှိုင်းဖျန်ဖြေရေးအဖွဲ့တွေ နဲ့လည်း တွေ့ဆုံခြင်းမရှိဘူး။”ဟု ဖြန်ဖြေရေးအဖွဲ့ဝင် ကိုထက်ကိုကိုက ဆက်ပြောသည်။

Infinity Power

0 comments:

Post a Comment