Pages

Monday, October 8, 2012

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား


ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်း အတွင်းရှိ အလုပ်ရုံတစ်ခုတွင် အာက်တိုဘာလ ၇ ရက်နေ့ည ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းအလုပ်ရုံ
မှာအထည်ချုပ်စက်ရုံများမှပိတ်စများကိုကြိတ်ကာယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်း
ကျင်အနီးတွင်  နေထိုင်သူများထံမှ သိရသည်။


အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေ မှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ် လို့တော့ကြား တယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြု ယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့်အဆိုပါအလုပ်ရုံတစ်ခုလုံးလောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အ
ဦ များကို ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။

  Eleven Media Group

0 comments:

Post a Comment