Pages

Monday, October 8, 2012

အောက်တိုဘာလ (၇)ရက်နေ့က ကလေးမြို့တွင် ခိုးဝင်ဘင်္ဂလီ လေးဦးထပ်မံဖမ်းဆီးရမိ

 
ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေး ဦးကို ၂၀၁၂-ခုနှစ်  အောက်တို ဘာလ ( ၇ )ရက်နေ့တွင် ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရ ပါသည်။ အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေ
သ  လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်း သိရှိရပါသည်။“ 
ခိုးဝင်လာတဲ့ ဘင်္ဂလီလေးဦးကို လက်ပံချောင်းကျေးရွာမှာ ဖမ်းဆီးရရှိ ခဲ့တာ သေချာပါတယ်။ အခု စစ်ဆေးဆဲပါ ။ နောက်ရက်မှာ သတင်း အချက်အလက် တရားဝင် ထုပ်ပြန်ပေးမှာပါ ”ဟု ကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာလ (၇) ရက်နေ့ညပိုင်းတွင်  ပြောကြားခဲ့ပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းသို့  တစ်ဖက်အိန္ဒိယနိုင်ငံ မှတဆင့် နိုင်ငံခြားသားများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ လူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်ကိုဖြတ်ကျော်၍ လမ်းကြောင်းလေးခုဖြင့် တရားမ၀င် ၀င်ရောက်လာနိုင်သည်ဟု သိရှိရပါသည်။
 
အဆိုပါလမ်းကြောင်းများမှာ- - - 
 
 (၁)အိန္ဒိယနိုင်ငံနယ်စပ်မှမြန်မာနိုင်ငံဟုမ္မလင်း၊ခန္တီးမြို့နယ်များသို့ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းအ
တိုင်း စုန်ဆင်း လာသည့် လမ်းကြောင်း၊ 
 
(၂) အိန္ဒိယနိုင်ငံနယ်စ်မှ မြန်မာနိုင်ငံချင်းပြည် နယ်ကိုဖြတ်ကျော်၍  ကလေး-ကလေးဝ-မင်းကင်း-ဂန့်ဂေါမြို့တို့မှ တဆင့် မုံရွာမြို့သို့ ရေယာဉ်လမ်း ၊/ကားလမ်း/တောလမ်း အတိုင်းခြေ လျင်လမ်းကြောင်း၊ 
 
(၃) အိန္ဒိယနိုင်ငံနယ်စပ်မှမြန်မာနိုင်ငံတမူးမြို့နယ်ကိုဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ကလေးဝ-မင်းကင်း -မုံရွာ  ရေလမ်းကြောင်း၊ 
 
(၄) အိန္ဒိယနိုင်ငံ နယ်စပ်မှ တဆင့် မြန်မာနိုင်ငံတမူးမြို့ နယ်ကိုဖြတ်ကျော်၍ ကလေးမြို့မှတဆင့်ကလေးဝ -မင်းကင်း-ဂန့်ဂေါမြို့များမှတဆင့်မုံရွာမြို့သို့ ကားလမ်း/ရေယာဉ်လမ်း/တောလမ်းအတိုင်း ခြေလျင်လမ်း
 ကြောင်းများဖြင့် ၀င်ရောက် လာလေ့ ရှိသည်ဟု သိရှိရပါသည်။

အခု အောက်တိုဘာလဆန်းပိုင်းမှာ လက်ပန်ချောင်းကျေးရွာ ၊ အောင်ရွာ ၊  မင်းလှရွာနဲ့ နန်းကျင်းဆောင် ရွာဖက်တွေမှာ ခိုးဝင်ဘင်္ဂလီတွေတွေ့ တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။ ကျွန်တော်တို့ သွား ခဲ့သေးတယ်။

သူတို့လဲ သတင်းအနေနဲ့ပဲ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အခုတော့တကယ် ဖမ်းဆီး ရမိတာပေါ့။ခိုးဝင်လာတဲ့ဘင်္ဂလီတွေ ကလေးနယ်ဖက်ကနေပြီး ၀င်ရောက်နေတဲ့သတင်းတွေ ဒီနှစ်မှာပိုကြား ရတယ်။ ” ဟု ကလေးမြို့ဒေသခံ တစ်ဦးမှပြောကြားခဲ့ပါသည်။

၂၀၁၂-ခုနှစ်စက်တင်ဘာလ(၁၆)ရက်နေ့တွင်လည်းကလေးမြို့နယ်အရှေ့ တောင်ဖက်ပေါက်တောကျေးရွာ
အနီး၊ပါက်တောရေနံမှော်မှခိုးဝင်ဘင်္ဂလီ(၁၀)ဦးနဲ့လမ်းပြ တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ခိုးဝင်ဘင်္ဂလီတစ်ဦးကို  ထောင်ဒဏ်(၇)နှစ်နှင့် ကူညီခေါ်ဆောင် လာသူတစ်ဦးကို ထောင်ဒဏ် (၅)နှစ် အသီးသီးကျခံစေရန် အမိန့် ချမှတ်ခဲ့သည်ဟု သိရှိရပါသည်။

 ၂၀၁၂-ခုနှစ် စက်တင်ဘာလကုန်အထိ  ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြ ကူညီခေါ်ဆောင်သူ (၆)ဦးကိုဖမ်းဆီးပြီး  ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။

Eleven Media Group

0 comments:

Post a Comment