Pages

Tuesday, September 11, 2012

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) က ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကို ဗိုလ်နှုတ်ခမ်းမွေး ရာထူးချ


KKO အဖွဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇန် (ကျွဲချိုလွယ်ထားသူ)၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင် တို့ တာဝန်ကနေ ယာယီရပ်စဲခံရပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) က သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ KKO ရဲ့ ဥက္ကဋ္ဌ နဲ့ အထွေထွေအတွင်းရေးမှူး တို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကြေညာလိုက်ပါတယ်။

သူတို့ ၂ ယောက်ဟာ အဖွဲ့တွင်း သဘောတူညီချက်မရဘဲ လာမယ့် သောကြာနေ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့
(ချင်းမိုင်မြို့)မှာ ကျင်းပမယ့် မြန်မာတိုင်းရင်းသားများညီလာခံကို သွားရောက်ဖို့ ထွက်ခွာသွားတာကြောင့် ဒီလို အရေးယူရတာလို့ ဧရာဝတီက လက်ခံရရှိတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီညီလာခံတက်ရောက်မယ့်ကိစ္စကြောင့် တာဝန်က ရပ်စဲခြင်း ဆိုတာ အကြောင်းပြချက်တခုပါ။

တခြားအကြောင်းပြချက်များကတော့ သူတို့နှစ်ယောက်ဟာ ပြည်ပနိုင်ငံသား ဖြစ်နေတဲ့အတွက် တရားဝင် ရပ်တည်လိုတဲ့ DKBA အဖွဲ့ တရားဝင်မှတ်ပုံတင်ရေး အခက်တွေ့နေတယ်၊ဒါကြောင့် အဖွဲ့အစည်းကအသက်

ရှင်လျက် "ဘ၀သေနေသလို လှုပ်ရှားမှုများ ပြတ်တောက်နေပါသည်" လို့ ကြေညာချက်က ဆိုပါတယ်။

နောက်တချက်ကတော့ ဒီလ ၈ ရက်နေ့ ဆုံဆည်းမြိုင်ရွာမှာ သူတို့ ၂ ဦး တာဝန်ခံပြုလုပ်တဲ့ လူထုရွေးချယ်

တင်မြှောက်ပွဲတခုမှာ ခိုက်ရန်ဖြစ်ပွားပြီး သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့တယ်၊ တည်ငြိမ်မှု ပျက်ပြားခဲ့တယ် ဆိုတဲ့ အချက်ပါ။

အခုလို ရာထူးက ယာယီရပ်စဲခံရတဲ့ မန်းရောဘတ်ဇန် နဲ့ စောဂုဏ်အောင် တို့ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်မ

လာသေးပါဘူး။DKBA တပ်ဖွဲ့ အများအပြား နယ်ခြားစောင့်တပ် အသွင်ပြောင်းထားပေမယ့် ဗိုလ်ချုပ်စော
လားပွယ် ဦးဆောင်တဲ့ ကလို့ထူးဘော DKBA ကတော့ အသွင်ပြောင်းခြင်း မရှိသေးပါဘူး။

ကရင်ပြည်နယ် ဆုံဆည်းမြိုင်ဒေသ အခြေစိုက် ကလို့ထူးဘော DKBA ဟာ မကြာသေးခင်က အစိုးရနဲ့ အ

ပစ်အခတ် ရပ်စဲထားပါတယ်။


ဧရာဝတီ

0 comments:

Post a Comment