ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ရခိုင်လူမျိုးတွေရဲ့ ဓညဝတီခေတ် သုံးခေတ်မှာ
အထင်ရှားဆုံး ဘုရင်သုံး
ပါးဖြစ်တဲ့ မာရယု၊ ကံရာဇာကြီး၊ မင်းစောမွန် တို့ရဲ့ရုပ်တုတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာကြေးနဲ့
သွန်းလုပ် စိုက်ထူဖို့ ဆောင်ရွက်နေရာမှာ အခုပုံဖော်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဦးဆောင် စီစဉ်နေတဲ့
ကျောက်တော်မြို့ခံ ဦးဘသောင်းက ပြောပြပါတယ်။

တဲ့ အဆင့်ထိတော့ရောက်ပြီ ဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေကို သိနိုင်
အောင်
မာရယု ဘုရင်ရဲ့ ဟန်ပန်တွေ၊ သမိုင်းကြောင်းကို သိနိုင်အောင် ကျွန်တော်တို့
စန္ဒာသူရိယ မင်းကြီး
လည်းပဲ သာသနာ့ ဒါယကာ မင်းတစ်ပါး ဖြစ်တဲ့အတွက်
ကျွန်တော်တို့ ရခိုင်တွေရဲ့ စံပြနမူနာ ဘုရင်တစ်ပါး
ဖြစ်တယ်။ အဲတာကို
ပြည်သူတွေ သိနိုင်အောင် ကျွန်တော်တို့ သွန်းထုလုပ်သွားမှာ ဖြစ်ပါတယ်"
အဲဒီဘုရင် ၃ ပါးရဲ့ ကြေးသွန်းရုပ်တုကို အမြင့်ပေ ၈ ပေခန့်အထိ သွန်းလုပ်သွားမှာဖြစ်ပြီး ဘုရင်တွေရဲ့ အ

သွင်အပြင်တွေကိုတော့ ရှေးဟောင်း ရခိုင်သမိုင်း စာပေတွေမှာ ဖော်ပြပါရှိတဲ့အတိုင်း လိုက်နာပြီး သွန်းလုပ်
သွားမှာ ဖြစ်တယ်လို့ ဦးဘသောင်းက ပြောပါတယ်။
အဲဒီကြေးသွန်းရုပ်တု ဖြစ်မြောက်ရေးအတွက် ကျောက်တော်မြို့ပေါ်နဲ့ ကျေးလက်တွေက ဒေသခံတွေဆီက အလှူထည့်ဝင်ငွေတွေနဲ့ သွန်းလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီရုပ်တုတွေကို ရှေးဟောင်း ဓညဝတီမြို့ဟောင်း
နေရာမှာ ပါဝင်တဲ့ မဟာမုနိဘုရားမှာ ထားရှိ ပြသသွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

0 comments:
Post a Comment