Pages

Tuesday, September 11, 2012

လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့်သိမ်းဆည်း ခံ ထားရသည့် ယာမြေများ ပြန်ရရေး ဆန္ဒပြခဲ့တဲ့အတွက် ယနေ့မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားကြောင်းသတင်းရရှိ

Photo: မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး  လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။ 

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့် သိမ်းဆည်းခံ ထားရသည့် ယာမြေများ ပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ရွှေလှေနှင့် ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။ 

ထိန်းသိမ်း ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးအားပြန်လွှတ်ပေးရန် အတွက် မုံရွာခရိုင် ဗကသအဖွဲ့ဝင်များနှင့် လက်ပံတောင်း
တောင်ခြေ ၀န်းကျင် ကျေးရွာများမှ ဒေသခံများ စုပေါင်းပြီး ရဲစခန်း အနီးဝန်းကျင်တွင် ဆန္ဒပြခဲ့ပါသည်။  ဖမ်းဆီးထာသည့် အမျိုးသမီး များထဲမှ ၁၀ ဦးကို ပြန်လွှတ်ပေးမည်
ဖြစ်ကြောင်းနှင့်  ခေါင်းဆောင် နှစ်ဦးဖြစ်သည့် မသွဲ့
သွဲ့ဝင်းနှင့် မအေးနက်တို့ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု တာဝန်ရှိသူများက အကြောင်းပြန် ခဲ့သော်လည်း လက်မခံနိုင်သဖြင့် ညရှစ်နာရီ ကျော်အထိ ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။ 

ထိုနေ့ ညနေပိုင်းတွင် ရွှေလှေရွာမှ ထိန်းသိမ်း ခံရသော ကျေးရွာသူ ၇ ဦးကို  ပြန်လွှတ်ပေးခဲ့ပြီး ည ၂နာရီခန့် အချိန် တွင် ၀က်မှေး ကျေးရွာမှ ကျေးရွာသူ ၂ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့က ထိန်းသိမ်းခံခဲ့ရသူ ၁၂ ဦးအနက် ၉ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့ပြီ ဖြစ်ကာ မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူ ဝင်းတို့ သုံးဦးမှာ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့်သိမ်းဆည်း
ခံ ထားရသည့် ယာမြေများ ပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ရွှေလှေ
နှင့် ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။
ထိန်းသိမ်း ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးအားပြန်လွှတ်ပေးရန် အတွက် မုံရွာခရိုင် ဗကသအဖွဲ့ဝင်များနှင့် လက်ပံတောင်း တောင်ခြေ ၀န်းကျင် ကျေးရွာများမှ ဒေသခံများ စုပေါင်းပြီး ရဲစခန်း အနီးဝန်းကျင်တွင်ဆန္ဒပြ
ခဲ့ပါသည်။ ဖမ်းဆီးထာသည့် အမျိုးသမီး များထဲမှ ၁၀ ဦးကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းနှင့် ခေါင်းဆောင်
နှစ်ဦးဖြစ်သည့် မသွဲ့ သွဲ့ဝင်းနှင့် မအေးနက်တို့ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု တာဝန်ရှိသူများကအ
ကြောင်းပြန် ခဲ့သော်လည်း လက်မခံနိုင်သဖြင့် ညရှစ်နာရီ ကျော်အထိ ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရ
ပါသည်။

ထိုနေ့ ညနေပိုင်းတွင် ရွှေလှေရွာမှ ထိန်းသိမ်း ခံရသော ကျေးရွာသူ ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ည ၂နာရီခန့် အချိန် တွင် ၀က်မှေး ကျေးရွာမှ ကျေးရွာသူ ၂ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့က ထိန်းသိမ်းခံခဲ့ရသူ ၁၂ ဦးအနက် ၉ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့ပြီ ဖြစ်ကာ မသွဲ့သွဲ့ဝင်း၊ မ
အေးနက်နှင့် မဖြူဖြူ ဝင်းတို့ သုံးဦးမှာ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
 
 
Eleven Media 

0 comments:

Post a Comment