Pages

Tuesday, September 11, 2012

ကမာရွတ်မြို့နယ်အတွင်း အသက် ၁၈ နှစ်ခန့်အရွယ် အိမ်ဖော် မိန်းကလေး သေဆုံးမှုအတွက် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) နေအိမ် တိုက်ခန်းတွင်အသက်၁၈နှစ်ခန့်အရွယ်အိမ်ဖော်မိန်းကလေးတစ်ဦး၏ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု
 တွေ့ရှိရမှုဖြစ်စဉ်စက်တင်ဘာလ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အိမ်ရှင် ဖြစ်သူ အမျိုးသမီးအား ပုဒ်မ ၃၀၂/၃၀၅ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရပါသည်။
သေဆုံးခဲ့သူအိမ်ဖော်အမျိုးသမီးမှာမနုနုလွင်(အသက်၁၈နှစ်)ဖြစ်ပြီး နေအိမ် အိပ်ခန်းအတွင်း နှားခေါင်းသွေး အနည်းငယ်ထွက်ပြီး ယာလက်ဖျံ၊ ယာပုခုံးသွားကိုက် ဒဏ်ရာ၊ ယာနဖူး ဖူးယောင် ဒဏ်ရာ၊ ၀ဲနို့အုံအောက် နံကြားညိုမဲဒဏ်ရာများဖြင့်သေဆုံးလျက်ရှိသည်ကိုစက်တင်ဘာလ၁၀ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်
ပါသည်။

ထို့နောက် အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူ အမျိုးသမီးအား ကမာရွတ်ရဲစခန်းမှ (ပ)၃၆၄/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့် ပြောင်းလဲ အမှုဖွင့် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ 
 
အိမ်ရှင်ဖြစ်သူ အမျိုးသမီးမှာ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် လျာထားခံထားရသူ မမေ
ဇွန်(ခ) မျိုးဇာနည်ထွန်း (၂၁)နှစ် ဖြစ်ပြီး စစ်ဆေး မေးမြန်းချက်များအရ စက်တင်ဘာလ ၈ ရက်နေ့တွင်ပုသိမ်
သို့ စာတန်းဖတ်ရန် သွားစဉ် သေဆုံးသူ မနုနုလွင်အား သော့ခတ်ပြီး ချန်ထားခဲ့ကြောင်းသိရှိရသည်။
 
စက်တင်ဘာလ ၁၀ ရက် နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ တိုက်ခန်း သော့ဖွင့်ပြီး ၀င်ရောက်ကြည့် ရှုချိန်တွင် အခန်းတွင်း သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ရဲစစ်ချက်မှတ်တမ်းများအရ သိရှိရပါသည်။ 
 
 
 
Eleven Media GROUP 

0 comments:

Post a Comment