Pages

Tuesday, September 11, 2012

စစ်တွေတက္ကသိုလ် ဆရာ၊ဆရာမများ လစာဖြတ်တောက် ခြင်း ကိစ္စမေတ္တာရပ်ခံစာ သမ္မတထံပို့

ရန်ကုန် ၊ စက်တင်ဘာ ( ၁၁ )

တက္ကသိုလ်ဆရာ၊ဆရာမများအသင်း ( ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်
ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ဆရာမများအား လစာဖြတ်တောက်
လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ယင်းမေတ္တာရပ်ခံစာအား နိုင်ငံတော်သမ္မတရုံး၊ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ရေးရာဌာနများသို ပေး
ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ၄င်းစာအတွင်း၌ စစ်တွေတက္ကသိုလ်သို့ ဆရာ၊ဆရာမ ( ၈၂ )ဦးအချိန်မှီ
ပြန်လည်ရောက်ရှိမလာနိုင်ခြင်းကြောင့် လစာဖြတ်တောက် ခဲ့ခြင်းအပေါ် တက္ကသိုလ်ဆရာ၊ဆရာမများအ
သင်းမှ နားလည် သဘောပေါက်ဦးစွာဖော်ပြထားသည်။

သို့သော် ဆရာ၊ဆရာမ များအနေဖြင့်နယ်ဝေးမှလာရောက်ကြခြင်းဖြစ်၍ လမ်းခရီးဆိုင်ရာအခက်အခဲများရှိ
နေနိုင်ခြင်း၊ခရီးစရိတ်ကုန်ကျမှုဆိုင်ရာအခက်အခဲများရှိနေနိုင်ခြင်း ၊ မိသားစုဆိုင်ရာအခက်အခဲများရှိနေနိုင်
ခြင်း တို့အပြင် ပုဒ်မ ( ၁၄၄ )ထုတ်ပြန်ထားဆဲအခြေအနေများကြောင့် ၄င်းတို့၏လုံခြုံမှုအတွက် စိုးရိမ်
ကြောင့်ကြမှုများလည်း ရှိနေနိုင်ခြင်းတို့အပေါ် မိသားစုသဘောဆန်ဆန် စဉ်းစားပေးရန်လိုအပ်၍ ပြန်လည်
သုံးသပ်ပေးနိုင်ရန် မေတ္တာရပ်ခံကြောင်း ထည့်သွင်းရေးသားဖော်ပြထားသည်။

မေလ နောက်ဆုံးပတ်၌ ဖြစ်ပွားခဲ့သည့်ရခိုင်ပဋိပက္ခကြောင့် လူ ( ၈၀ ) ဦးကျော်သေဆုံးခဲ့ပြီး လက်ရှိတွင် စစ်တွေရှိ ဒုက္ခသည်စခန်းများ၌ လူဦးရေ ခြောက်သောင်းသုံးသောင်းကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရှိ
ရသည်။


Popular Myanmar News:

0 comments:

Post a Comment