Pages
Sunday, September 2, 2012
ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာ ၏ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြား
ရှာရာပိုဗာ၏ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြား
နာမည်ကြီး ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာနှင့် ဆလိုဗေးနီးယား ဘတ်စကက်ဘော ကစားသမား ဆ
ရှာ ဗူဂျဆစ်တို့၏ စေ့စပ်ကြောင်းလမ်းထားမှု ပျက်ပြားသွားပြီဖြစ်ကြောင်း အီတလီနိုင်ငံထုတ် အားကစားသ
တင်းစာ La Gazzetta dello Sport ကဆိုသည်။
ရှာရာပိုဗာနှင့် ၎င်း၏ ဆက်ဆံရေးမှာ လွန်ခဲ့သည့် ၃ လကတည်းက ပြီးဆုံးခဲ့ပြီဟု ဗူဂျဆစ်က ပြောကြား
ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြသည်။ သို့သော် စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်း၍ လမ်းခွဲရန် မည်သူက စတင်ခဲ့သည်ကိုမူ သတင်းစာက ပြောကြားထားခြင်း မရှိချေ။
တို့နှစ်ဦးသည် ယခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ဗူဂျဆစ် ဘတ်စကက်ဘော ကစားရာ တူရကီနိုင်ငံ အစ္စတန်
ဘူလ်မြို့၌ လက်ထပ်မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
Planet Myanmar Media:
0 comments:
Post a Comment