Pages
Sunday, September 2, 2012
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့ဝိန်းကျောက်ရွာမှာ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေဖမ်းဆီးရမိ
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့ ကကျေးရွာတခုမှာ သြဂုတ်လ ၃၁ ရက်နေ့ မနေ့
မနက်ပိုင်း လင်းအားကြီးအချိန်က ကျပ်ငွေ သိန်းတစ်ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေး
ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့ဝင်
တွေ ပူးပေါင်းပြီး ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းကျောက်ရွာက အိမ်အမှတ် ၂၆၆ က ဦးလောတ ဆိုသူရဲ့
နေအိမ်ကို ၀င်ရောက်စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက အာ
အက်ဖ်အေ ကို ပြောပါတယ်။
"မနက် ၄ နာရီခွဲ ၅ နာရီလောက်က ကျနော်တို့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုပေါ့နော်။ဒီ
တို့လည်း မသိဘူးဗျ။ ၀င်ရှာတော့ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ကီလိုလောက် မိတယ်။ အလုံးအရေအတွက်
တော့ ကျနော်တို့လည်း မသိရဘူး၊ နောက် ဒီလုပ်တဲ့ စက် တစ်လုံးမိတယ်၊ နောက် သူနဲ့ ဆက်စပ်တဲ့ ဆေး
ရည် ဆေးအမှုန့်တွေလည်း မိတယ်။"
ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးပြားရိုက်စက်တစ်လုံး၊ ဆေးပြား အခြောက်ခံစက်တစ်လုံး၊ ဆေး
မှုန့်မွေစက်တစ်လုံးနဲ့ စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဆေးအမှုန့် ဆေးရည်
တွေပါဝင်တယ်လို့ သိရပါတယ်။
ပြည်နည်နှင့်တိုင်းသတင်း
0 comments:
Post a Comment