Pages

Sunday, September 2, 2012

ပါကစ္စတန် မင်းသမီးချော မိုနာလစ်ဇာ Murder 3 ဘောလီးဝုဒ် ရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင်မည်

ပါကစ္စတန် မင်းသမီးချော မိုနာလစ်ဇာ သည် ''Murder3" ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ လစ်ဇာသည် ကူဝိတ်နိုင်ငံတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး သူမ၏ဖခင် ကွယ်လွန် ပြီးနောက် ပါကစ္စတန်သို့ ပြောင်းရွှေ့ နေထိုင် ခဲ့သည်။ 
သူမသည် ''Rabia Zinda Rahegi"ပါကစ္စတန် ရုပ်ရှင်တွင်  မထင်မရှား နေရာ၌ စတင် သရုပ်ဆောင်ခဲ့ပြီး အနု ပညာ လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးဖြစ်သည်။ ထို့နောက် လစ်ဇာသည် ဘောလီးဝုဒ် ရုပ်ရှင်လောကကို ထိုးဖောက်နိုင်ရန် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ ပြောင်းရွှေ့ လာခဲ့ကြောင်း သိရသည်။ 
 
လစ်ဇာသည် လက်ရှိ တွင်Cape Townရုပ်ရှင် ရိုက်ကူးရေး အတွက် အလုပ်များလျက် ရှိပြီး Murderရုပ်ရှင်ဇာတ်လမ်း တွဲတွင် ယခင်က ပါဝင် သရုပ်ဆောင်ခဲ့သူ အိန္ဒိယ မင်းသမီးချော ဂျက်စကွီလိုင်းဖာ နန်ဒက်ဇ်နှင့် ချိတ်ဆက်မိကာ Murder 3 ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။  
 
Murder 3 ရုပ်ရှင် ဇာတ်ကား၌ လစ်ဇာ၏ သရုပ်ဆောင်မှု များကို မကြာမီ တွေ့မြင်ရတော့ မည်ဖြစ်သည်။  
 
မြ၀တီသတင်းမီဒီယာ

0 comments:

Post a Comment