လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်း
စဉ်နဲ့ မြန်မာ့နိုင်ငံ ရင်းနှီးမြုပ်နှံမှုအကြောင်းနဲ့ နိုင်ငံခြားမီဒီယာတွေက စိတ်ပါဝင်စားသူတွေဟာ သြဂုတ်လ
၃၁ ရက်နေ့ မနေ့က ညနေပိုင်းကထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍာတစ်ခုဖြစ်တဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချနေတဲ့ ရေ
ကာတာ စီမံကိန်း တွေနဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြဿနာတွေ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်း
မျဉ်းစည်းကမ်းတွေကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။
ဒါတွေကို အခြေခံပြီး လက်ရှိဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေ တွေကို လက်ရှိအစိုးရက ဒီထက်ပိုပြီး လုပ်ကိုင်ဆောင်ရွက်မှသာ ဒေသခံပြည်သူတွေရော အစိုးရမှာပါ အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ ကိုဝင်းအောင် က ဓါတ်ပုံတွေနဲ့တကွ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
"လက်ရှိလုပ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ စီမံကိန်းတို့ ဒီ

ရေကာတာ စီမံကိန်းတို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ ဆက်စပ်ပြီးတော့ လယ်ယာမြေ သိမ်းပိုက်မှုတွေ
ဒေသ
ခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးသွားတာတွေ
အများကြီး ဖြစ်နေတဲ့ဟာ ဆိုတော့ ဒီ
လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို စနစ်တကျ
ဖြေရှင်းနိုင်လောက်တဲ့ ယန္တာရားတွေ စနစ်တွေ လူတွေတွေရဲ့
ပါဝင်ပတ်သက်မှုတွေနဲ့ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ငွေကြေးစနစ်တွေ ဆိုတာကလော
လာဆယ် အိမ်မက်တစ်ခုလိုပဲ ဖြစ်နေသေးတယ်၊
အဲ့ဒီ ဟာတွေကို ပြန်ပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက် ဒေသခံတွေမှာရော အစိုးရဖက်တွေမှာရော လူထု
အခြေပြု အဖွဲ့အစည်းတွေ မှာရော အများကြီး လိုအပ်တဲ့ အရင်းအမြစ်တွေ အရည်အချင်းတွေ အများကြီး
လိုသေးတယ်လို့ မြင်တယ် ဆိုတော့ အဲ့ဒီ အနေအထားတစ်ခုမှပဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက တစ်စုံတစ်ခုအ
ထိ အကျိုးအမြတ်ရှိလိမ့်မယ်။"
မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက် အဖွဲ့ တာဝန်ခံ ကိုစိုင်းစိုင်း ကလည်း အစိုးရကနေ လျှပ်စစ်
မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက် အဖွဲ့ တာဝန်ခံ ကိုစိုင်းစိုင်း ကလည်း အစိုးရကနေ လျှပ်စစ်
ဓါတ်အား ရရှိဖို့ ရေကာတာ
စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်
တွေမှာ
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးရေး
လုပ်ငန်းတွေကို ဒေသခံပြည်သူ
တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုသွားပါတယ်။
"အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာမှာဆို အများစုက ရေကာတာ တည်ဆောက် တဲ့နေရာတွေ ဖြစ်နေတယ်။ ရင်း
"အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာမှာဆို အများစုက ရေကာတာ တည်ဆောက် တဲ့နေရာတွေ ဖြစ်နေတယ်။ ရင်း
နှီးမြုပ်နှံ မလုပ်ခင်မှာ နိုင်ငံရေး
ဆွေးနွေးမှု လုပ်နေတဲ့ အချိန်မှာဆိုရင် တိတိကျကျ ဒီ
ရင်းနှီးမြုပ်နှံလုပ်မယ်။ ဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် သူ့လုပ်မည့် နည်းစနစ်ပေါ့နော်။ သူ့လုပ်ထုံးလုပ်နည်းတွေ ရှင်းရှင်းလင်းလင်း ရှိမှ
သာလျှင် ဒေသလူထု ပြည့်ပြည့်၀၀ ပါဝင် ပူးပေါင်းဆောင်ရွက် ရှိမှသာလျှင် အဲ့ဒီ စီမံကိန်းတွေဆက်သွားသင့်
တယ်၊ ဘာကြောင့်လည်းဆိုတော့ အခုမှာဆိုရင် ရင်းနှီးမြုပ်နှံတွေလည်း
တော်တော်များများရှိနေတယ်။
နောက်ကလည်းအပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းမှာဆိုရင်လည်းကျနော်တို့ နိုင်ငံက ပြောင်းလဲသွားပြီဆို
တဲ့
နာမည်နဲ့ တက်လာနေတယ်ပေါ့နော်။ ဒါပေမယ့် အခု လတ်တလော ပြန်ကြည့်မယ်ဆိုရင်လည်း တိုက်
ပွဲလည်း ဖြစ်နေသေးတယ် ။ အခုလူထုမှာဆိုရင်လည်း ပါဝင် ပူးပေါင်းဆောင်ရွက်မှုဆိုတာ လုံးဝမရှိနေတဲ့
အခြေအနေမှာ ရှိနေတယ်။"
ဒီဆွေးနွေးပွဲကို The Best Friend အဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဆိုင်ရာ သဘာဝပတ်ဝန်း
ဒီဆွေးနွေးပွဲကို The Best Friend အဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဆိုင်ရာ သဘာဝပတ်ဝန်း
ကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်တွေ၊
ထိုင်းနဲ့ နိုင်ငံခြားသားသတင်းထောက်တွေအပါအ၀င် စိတ်ပါဝင်စားသူ ၁၀၀ နီးပါး
တက်ရောက်ခဲ့ပါတယ်။
အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့တာ ဖြစ်ပါတယ်။
အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့တာ ဖြစ်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment