ရန်ကုန်၊ သြဂုတ် ၃၀
တက္ကသိုလ်ဝင်တန်း တစ်နိုင်ငံလုံး Top 10 ၀င်ကျောင်းသား/သူ များအား မီဒီယာက ကျောင်းအတွ
တက္ကသိုလ်ဝင်တန်း တစ်နိုင်ငံလုံး Top 10 ၀င်ကျောင်းသား/သူ များအား မီဒီယာက ကျောင်းအတွ
င်းသို့ ၀င်ရောက် အင်တာဗျူးမေး
ခွင့်ကို အထက(၄) အလုံ ရောက် ပညာရေးဌာန လူကြီးတစ်ဦးက ခွင့်မပြုခဲ့ကြောင်း သိရသည်။ယနေ့နေ့လည် ၂ နာရီတွင် တစ်နိုင်
ငံလုံး Top 10 ၀င် ကျောင်းသား/သူ တို့အား ဆုပေးပွဲ အခမ်းအနားအတွက် အကြိုပြင်ဆင် အစမ်းလေ့ကျင့်မှုကို အထက(၄) အလုံ
တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦး၏ သတင်းပေးပို့မှုအရ သွားရောက်ခဲ့သည့် သတင်းမီဒီယာသမား ၄ ဦးကို အဆိုပါ အမည်မသိ လူကြီးတစ်ဦးက ခွင့်မပေးခဲ့ခြင်း ဖြစ်သည်။“ကိုယ်တိုင်ခွင့်မပေးတာမျိုးတော့ မလုပ်ဘူး။ ဒီသတင်းထောက်လေးယောက်ရှေ့ကနေ မျက်နှာထား တင်းတင်းနဲ့ ဖြတ်သွားတယ်။ အဲဒါကြောင်ပြီး ကြည့်နေတုန်း ကျောင်းထဲက ဆရာမ တစ်ယောက်က ထွက်လာပြီး လူကြီးက အဆင်သင့်မဖြစ်လို့ အ၀င်မခံဘူး၊ အ
မေးမခံဘူးလို့ ပြောပါတယ်။ သတင်းယူခွင့်ကိုလည်း ခွင့်မပြုဘူးလို့ ပြောပါတယ်။” ဟု တားမြစ်ခြင်း ခံရသည့် သတင်းထောက်က
ပြောသည်။
အထက(၄) အလုံသို့ သွားရောက် သတင်းယူရာတွင် ပထမ အဆင့် အနေဖြင့် ကျောင်းသို့ ဖုန်းဖြင့် ဆက်သွယ် ခွင့်တောင်းခြင်း၊ ဒုတိယ အဆင့်အနေဖြင့် ကျောင်းအုပ်ဆရာမကြီးထံသို့ ကိုယ်တိုင်တွေ့ဆုံသွားရောက်ခွင့်တောင်းခြင်း ပြုခဲ့သော်လည်း ကျောင်း၌ ဌာန လူကြီးတစ်ဦးရောက်နေ၍ ခွင့်ပြုမှုတောင်းခံပေးမည်ဟု ဆိုကာ ထွက်ခွာသွားပြီး ယခုကဲ့သို့ ကျောင်းမှ သတင်းရယူခွင့်ကို ခွင့်
မပြုခြင်းဖြစ်သည်။
အထက(၄)အလုံသို့ သွားရောက်ခဲ့သော်လည်း ကျောင်းအားလည်းကောင်း၊ ကျောင်းရှိ ၀န်ထမ်းတို့အားလည်းကောင်း သတင်း
ယူမည် မဟုတ်ဘဲ တစ်နိုင်ငံလုံး Top 10 ၀င် ကျောင်းသား/သူ တို့၏ ကြိုးစား အားထုတ်ခဲ့ ပုံတို့ကို အတုယူဖွယ် တစ်ခုဖြစ်အောင်
ရေးသာလို၍သာ တစ်နေရာထဲ၌ သွားရောက်တွေ့ဆုံ၍ သတင်းရယူခြင်းဖြစ်ပြီး အဆိုပါ ခွင့်မပြုသည့် လူကြီး၏ အမည်နှင့် အဆင့်
အား မေးမြန်းခဲ့သော်လည်း ထိုလာရောက်ပြောဆိုသော ဆရာမက ပြန်လည်မဖြေကြား ခဲ့ကြောင်းသိရသည်။
ပေါ်ပြုလာမြန်မာ
1 comments:
ရောင်းဖို့ရှိတယ်
Post a Comment