Pages

Thursday, August 30, 2012

မန်မာပြည်သူများ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ထောင်ချောက်တွင်း မသက်ဆင်းမိစေရန် ရွှေဝါရောင် ခေါင်းဆောင် သတိပေး

မြန်မာပြည်သူများ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ထောင်ချောက်တွင်း မသက်ဆင်းမိစေရန် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု
တွင် ‘အရှင်ဂမ္ဘီရ’ အဖြစ် ဦးဆောင်ခဲ့သည့် ကိုညီညီလွင် က သတိပေးလိုက်သည်။အစိုးရ အာဏာပိုင်များသည် ပြည်သူလူထုအ
တွင်း အမျိုးမျိုးသွေးခွဲခဲ့သည့် သမိုင်းကြောင်း အတွေ့အကြုံများကိုထောက်ပြထားသည့် မိတ်ဆွေတဦးထံ ပေးစာတွင် ၎င်းက ရေး
သားထားခြင်း ဖြစ်သည်။

“မြန်မာပြည်သူလူထုဟာ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ဒေသဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ စစ်အာဏာရှင်
တွေရဲ့ ထုံးစံအတိုင်း အဓိကရုဏ်း တခုကို ဖန်တီးပေးလိုက်ကြပြန်ပါတော့တယ်။ အဲဒါကတော့ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်း ပဲဖြစ်
ပါတယ်” ဟု ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူမှုအဖွဲ့ ပဋိပက္ခများ ကို ထောက်ပြလိုက်သည်။

ဂျပန်နိုင်ငံရှိ ယုယုကို ထံ သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါ ပေးစာအား The Best Friend အင်တာနက် စာမျက်
တွင် ဖော်ပြထားသည်။

ယုယုကိုသည် ၂ဝ၁၂ ခုနှစ် အစောပိုင်းက ဦးဂမ္ဘီရမိသားစုထံ လာရောက်လည်ပါတ်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ အစိုးရ၏ အမည်မဲ Black list စာရင်းတွင် ပါဝင်ကာ ဗီဇာပိတ်ပင်ခြင်း ခံထားရသည်။

ထို့ပြင် “ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဟန်းတော်တချို့ ပါဝင်လာနေကြတာကို တွေ့ရတော့ ကိုယ်တော် ဝမ်းနည်းလို့ မ
ဆုံးပါဘူး။ ၂ဝဝ၇ စက်တင်ဘာမှာ မြန်မာ ရဟန်းတော်တွေဟာ ဓမ္မရဲ့ မီးရူးတန်ဆောင်အဖြစ် ကမ္ဘာကြီး တခုလုံးသိအောင် ထွန်း
လင်းပြခဲ့ပြီးပါပြီ။ ဗုဒ္ဓရဲ့ မိန့်ဆိုချက်တွေ ဖြစ်တဲ့ မေတ္တာ၊ ဓမ္မ၊ ငြိမ်းချမ်းမှု၊ အဟိံသ၊ သစ္စာအာဂရဟ တို့ရဲ့ အနက်အဓိပ္ပါယ်တွေကို အားလုံးသိအောင် ရှင်းပြနေရဦးမှာလား” ဟု ဦးဂမ္ဘီရ/လှိုင်ဘွား၏ စာတွင် မေးခွန်းထုတ်ထားသည်။

ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ စီရင်ရမှာသာဖြစ်ပြီး လူမျိုးရေး ဘာသာရေး  အဖြစ် စစ်အာဏာရှင်တို့၏ ပုံဖော် မီးမောင်းထိုး
ပြဖွယ် မဖြစ်စေရန် ရှောင်ရှားသင့်ကြောင်းလည်း ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံတွင် အသက် ၅၀ အရွယ်ရှိသူ တယောက်တလေမျှ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ် တရားမျှတမှု ဆိုသည့် အ
ရသာများ ငတ်မွတ် ခေါင်းပါးခဲ့ရကြောင်းလည်း ဆိုထားသည်။

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ မေတ္တာ၊ ဓမ္မ၊ ငြိမ်းချမ်းမှု၊ လူ့အခွင့်အရေး သရုပ်သကန် မှန်ကန်သည့် ထင်ဟပ် ချက်များကို စစ်အစိုးရက အကြမ်းဖက် နိမ်နှင်းခဲ့သည့်အတွက် ကုလသမဂ္ဂက လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အတိ
အလင်း ပြောဆိုထားသည်ဟု ဆိုသည်။

ဓမ္မာစရိယတန်း စာသင်သား ဘွဲ့အမည် ဦးဂမ္ဘီရ သည် သက်တော် ၂၉ နှစ်အရွယ်၌ ၂ဝဝ၇ ခုနှစ်၊ စက်တင်္ဘာလတွင် သံဃာ့ တပ်
ပေါင်းစု၏ ဦးဆောင် ကိုယ်တော်တပါး အဖြစ် ပါဝင်ခဲ့ရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

အီလက်ထရောနစ် ပုဒ်မ အပါအဝင် ပုဒ်မ ၁၃ ခုဖြင့် ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ ရပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယခုအခါ အကျဉ်းထောင် အတွင်းနှိပ်စက်ညှင်းပန်းမှုကြောင့် ရရှိလာသည့် ရောဂါဝေဒနာများ ခံစားနေရပြီး ကျန်းမာရေး အခြေအ
နေ ပုံမှန်ကောင်းမွန်ခြင်း မရှိသေးကြောင်း သိရသည်။


နယူးဒေလီ (မဇ္ဈိမ) 

0 comments:

Post a Comment