Pages

Thursday, August 30, 2012

မီးဖွားဖို့ပြန်လာရင်း အင်္ဂလိပ်စာ အခမဲ့သင်ပေးမယ့် နိုင်းနိုင်းရဲ့ဇနီး

မီးဖွားဖို့ပြန်လာရင်း အင်္ဂလိပ်စာ အခမဲ့သင်ပေးမယ့် နိုင်းနိုင်းရဲ့ဇနီး

အမေရိကန်ပြည်ထောင်စုမှ သြဂုတ်လဆန်းပိုင်းက ပြန်လည်ရောက်ရှိနေသောရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်း

၏ဇနီး စန္ဒီချိုက ယခုတစ်ခေါက် မြန်မာပြည်အပြန်ခရီးစဉ်တွင် ရန်ကုန်မြို့ပြင်ဒေသများရှိ လူငယ်လူရွယ်များ
အား အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။ 

သူမ၏ တတိယမြောက် ရင်သွေးကို မွေးဖွားရန် ပြန်လာခြင်းဖြစ်သော်လည်း တစ်ဖက်တွင် အင်္ဂလိပ်ဘာသာ
စကား သင်ကြားရန် အခွင့်အလမ်းနည်းပါးနေသူများအတွက် ယခုအစီအစဉ်ကို ကြိုးစားဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သူမကပြောသည်။ "ကျွန်မ မြန်မာနိုင်ငံကို ရောက်စဉ်ခဏမှာ ကျွန်မရဲ့ အားလပ်ချိန်တွေ
ကို အင်္ဂလိပ်ဘာသာစကားသင်ကြားဖို့ အခွင့်အရေး သိပ်မရှိဖြစ်နေတဲ့သူတွေကို စာသင်ပေးရင်း ကုန်ဆုံး
မယ်လို့ စဉ်းစားမိတယ်။

ဒါကြောင့် ဒီမှာ ပရဟိတအဖြစ် စာလိုက်သင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ အင်းစိန်၊ ဒါ
မှမဟုတ် သန်လျင်ဘက်မှာ တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် သင်ဖို့ စီစဉ်နေပါတယ်" ဟု စန္ဒီချိုကပြော
သည်။ စန္ဒီချိုသည် အမေရိကန်နိုင်ငံ၊ Stony Brook တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာဖြင့် ဘွဲ့
ရရှိထားသူဖြစ်သည်။ 

"သူ အမေရိကားမှာ ယူထားတဲ့ဘွဲ့ကလည်း နောက်ပိုင်းတောက်လျှောက် ယူအင်န်တို့ အင်န်ဂျီအိုတို့နဲ့ချိတ်
ပြီး ဆက်လုပ်ဖို့ အစီအစဉ်ရှိတော့ သူ့လုပ်ရပ်လေးကိုကျွန်တော်ကအားပေးပါတယ်" ဟု နိုင်းနိုင်းကပြော
သည်။ နိုင်းနိုင်းနှင့် စန္ဒီချိုတို့သည် ၂၀၀၇ နှစ်ကုန်ပိုင်းက လက်ထပ်ခဲ့ပြီး ယခုအခါ သမီးတစ်ယောက်နှင့် သား
တစ်ယောက် မွေးဖွားခဲ့ပြီးဖြစ်သည်။ 

ယခု တတိယမြောက် လွယ်ထားရသည့် ရင်သွေးမှာ လေးလခန့်ရှိပြီဖြစ်ကြောင်းနှင့် ပန်းလှိုင်အထူးကုဆေး
ရုံတွင် မွေးဖွားရန် စီစဉ်ထားကြောင်း နိုင်းနိုင်းကပြောသည်။



7days News Media:

0 comments:

Post a Comment