Pages

Thursday, August 30, 2012

မင်္ဂလာပွဲအစီအစဉ်အသေးစိတ်ကို မပြောလိုသေးတဲ့ ချောရတနာ

မင်္ဂလာပွဲအစီအစဉ်အသေးစိတ်ကို မပြောလိုသေးတဲ့ ချောရတနာ

အနုပညာသက်တမ်း ဆယ်စုနှစ်နီးပါး ရှိနေပြီဖြစ်သည့် သရုပ်ဆောင်ချောရတနာမှာ ယခုနှစ်ကုန်ပိုင်းတွင်သူ
မ၏ချစ်သူနှင့် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲတော့မည်ဟု သတင်းများပေါ်ထွက်နေသည်။ တစ်ကိုယ်တည်း အပျိုကြီးဘ၀ဖြင့် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေသော သူမ၏ အချစ်ရေးနှင့်ပတ်သက်
သည့် သတင်းများမှာ စာမျက်နှာများထက်တွင် အတွေ့ရနည်းသော်လည်း ယခု လက်တွဲဖော်ချစ်သူနှင့် ချစ်
သူသက်တမ်း ဆယ်နှစ်နီးပါးရှိနေပြီဖြစ်ကြောင်း၊ သူမ၏လက်တွဲဖော်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး
ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 
 
သို့သော် မင်္ဂလာပွဲအစီအစဉ်များကိုတော့ အသေးစိတ် မထုတ်ပြန်သေးလိုကြောင်း ပြောကြားလာသည့်
 ချောရတနာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ဒီဇင်ဘာ ၁ ရက် မင်္ဂလာဆောင်မယ်လို့ ကြားပါတယ်။ လက်ထပ်မယ့်သတင်းတွေအပေါ်မှာ ပြောပါဦး။
ဖြေ - အဲဒါမဖြေချင်သေးဘူး။ (ရယ်လျက်) ဒီ့ပြင်အကြောင်းတွေပဲ ပြောချင်သေးတယ်။ အိမ်ထောင်ပြုမယ့် အစီအစဉ်ရှိလားလို့ မေးလာကြတော့ စာနယ်ဇင်းတွေနဲ့ကလည်း မိသားစုလိုဖြစ်နေတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ လိုပါသေးတယ်လို့ ဖြေလိုက်တာပါ။ သေသေချာချာ ရေရေရာရာကြီး ပြောမထားသေးပါဘူး။ အင်း အခုဟာက အရမ်းအလုပ်ရှုပ်နေတယ်။ ကားရိုက်တွေတော့ လက်မခံထားသေးဘူး။ ကြော်ငြာတွေလောက်ပဲ လက်ခံထားတယ်။ ကြော်ငြာတွေရိုက်ဖို့တော့ ရှိပါတယ်။

မေး - အလုပ်ရှုပ်နေတယ်ဆိုတာ မင်္ဂလာပွဲအတွက်လား။
ဖြေ - (ရယ်လျက်) လူမှုရေးကိစ္စလေးတွေ နည်းနည်းရှုပ်နေလို့ပါ။

မေး - ဒါဆို အစ်မရဲ့ လက်ရှိအချစ်ရေးကရော။
ဖြေ - သာသာယာယာပါပဲ။ အေးအေးဆေးဆေးပါပဲ။

မေး - အစ်မရဲ့လက်တွဲဖော်ကိုရော ပရိသတ်နဲ့ မိတ်ဆက်မပေးသေးဘူးလား။
ဖြေ - နောက်မှမိတ်ဆက်ပေးမယ်နော်။ ရည်းစားသက်တမ်းကတော့ တော်တော်ကြာပါပြီ။ ယူသင့်တဲ့ အရွယ်
တွေလည်း တော်တော်ကိုကျော်လာပါပြီ။ ၂၀၀၂ လောက်ကတည်းက စတွေ့ခဲ့တာဆိုတော့ အရမ်းကြာပါပြီ။

မေး - အိမ်ထောင်ပြုသင့်တဲ့အရွယ်ကို တော်တော်ကျော်လာပြီလို့ပြောတော့ အစ်မရဲ့အချစ်နဲ့ အိမ်ထောင်
ရေးအပေါ်ထားတဲ့ သဘောထားကိုပြောပြပါဦး။ 

ဖြေ - ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဘ၀လေးကို ဖန်တီးချင်ပါတယ်။ အဲဒါက အစ်မရဲ့ စိတ်ရင်းအမှန်ပါ။ အိမ်
ထောင်တစ်ခုကို ထူထောင်ပြီဆိုရင် ကိုယ့်မှာ သားသမီးတွေရလာပြီဆိုရင် သူတို့ကို စိတ်ချမ်းသာမှု အပြည့်
အ၀ပေးချင်တယ်။ အကုန်လုံးကို ပျော်ရွှင်စေချင်တယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေ
တာကို သဘောကျတယ်။ တစ်ယောက်နဲ့တစ်ယောက် မာနတွေမထားဘဲ ညှိနှိုင်းပြီး တည်ဆောက်သွားချင်
တယ်။

မေး - လက်တွဲဖော်က အစ်မရဲ့ အနုပညာလုပ်ငန်းတွေကို ဘယ်လိုသဘောထားလဲ။ 

ဖြေ - သူက အစ်မအလုပ်ကို အားပေးလားဆိုတော့လည်း အားမပေးဘူး။ တိုက်လည်း မတိုက်တွန်းဘူး။ ဒီအ
လုပ်ကို စိတ်ပါရင်လုပ်။ စိတ်မပါရင် မလုပ်နဲ့ဆိုတဲ့ သဘောပေါ့။ သိပ်ပြီး ဒါကို အဓိကထားတဲ့ သဘောတော့ မဟုတ်ဘူး။ ဒါပေမဲ့ အစ်မကို ဗီလိန်ဇာတ်ရုပ်တွေရိုက်တာတော့ သူသိပ်မကြိုက်ဘူး။ အစ်မတို့ကျတော့ သ
ရုပ်ဆောင်အလုပ် လုပ်နေတာဆိုတော့ ဘယ်ဇာတ်ကောင်စရိုက်မဆို ရိုက်ပြချင်တယ်။ ပရိသတ်ကလည်း အဲဒီလိုဇာတ်ကောင်မျိုးကို ကြိုက်သွားတယ်ဆိုတော့လည်း ကိုယ်က ဘယ်တတ်နိုင်မလဲနော်။

မေး - နှစ်ရှည်လများ တစ်ကိုယ်တည်း အပျိုကြီးဘ၀ကို စွန့်လွှတ်တော့မယ်ဆိုတော့ နှမြောတဲ့စိတ် ဖြစ်မိ
လား။
ဖြေ - မနှမြောပါဘူး။ (ရယ်လျက်) ဒီလိုပါပဲပေါ့နော်။

မေး - အိမ်ထောင်ကျပြီးနောက်ပိုင်း ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ပြီး ရိုက်ကူးဖို့ရှိလား။ 

ဖြေ - ထုတ်လုပ်ရေးတော့ မလုပ်ဘူး။ ဒီသရုပ်ဆောင်အလုပ်တောင် စိတ်ဖိစီးမှုက အနည်းနဲ့အများရှိတာ။ ပရိုဂျူဆာက ပိုပြီး ဖိစီးမှုများတယ်။ ဒါကြောင့် ပရိုဂျူဆာလုပ်ဖို့တော့ မရှိဘူး။ အရင်က ပရိုဂျူဆာလုပ်ဖူး
တယ်။ စိတ်ဓာတ်တော်တော်ကျလို့ မလုပ်တော့ဘူး။ တခြားစီးပွားရေးကတော့ လောလောဆယ် မစဉ်းစားရ
သေးဘူး။ အနုပညာနဲ့ဆက်နွှယ်တဲ့ အလုပ်လေးတွေပဲ လုပ်ဖြစ်မှာပါ။

မေး - အစ်မရဲ့ညီမ သန္တာဗိုကလည်း အနုပညာအလုပ်တွေ လုပ်နေပြီဆိုတော့ သူ့ကို ဘယ်လိုအကြံဥာဏ်
လေးတွေ ပေးဖြစ်လဲ။ 

ဖြေ - သူက အဆိုဘက်ကို ပိုပြီးလုပ်ဖြစ်တယ်။ ခုလည်း တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေစသွင်းနေပြီ။ ကိုယ်က သီချင်းနဲ့ပတ်သက်ပြီး သိပ်နားမလည်ဘူး။ ဒါပေမဲ့ ကိုယ်နားလည်သလောက် ကြိုးစားပြီး သီချင်း
တွေ ရွေးပေးရတာပေါ့။ တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။

မေး - အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးရော စိတ်ကူးထားတာမျိုး၊ ဖန်တီးပြီးလုပ်ချင်တာမျိုး ရှိလား။ 

ဖြေ - မရှိပါဘူး။ အရင်တိုင်းပါပဲ။ ကိုယ့်ဆီလာတဲ့ အလုပ်တွေအပေါ်မှာပဲ အကောင်းဆုံးကြိုးစားပြီး သရုပ်
ဆောင်ပါတယ်။ စိတ်ကူးထားတယ်ဆိုတာကလည်း ကိုယ့်စိတ်ကူးကို အကောင်အထည်ဖော်ဖို့က ပိုက်ဆံရှိ
ဦးမှလေ။ ပရိုဂျူဆာလုပ်နိုင်မှ ကိုယ့်စိတ်ကူးဆိုတာ အကောင်အထည်ဖော်နိုင်မှာ။ အရင်က မရှိမဲ့ရှိမဲ့လေး
တွေစုပြီး လုပ်ဖူးသေးတယ်။ အဲဒီကတည်းက စိတ်ညစ်ပြီး မလုပ်ချင်တော့တာ။

မေး - အခုရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်လက်ထက်မှာ အစ်မတို့ ရုပ်ရှင်လောကသားတွေအနေနဲ့ ဘာတွေပြောင်းလဲ တိုးတက်သွားတယ်လို့ ထင်ပါသလဲ။ 

ဖြေ - အခုဟာက အပြောင်းအလဲ လုပ်ခါစလေးပဲ ရှိသေးတာလေ။ ဒါပေမဲ့ အကုန်လုံးကတော့ စည်းစည်းလုံး
လုံး တက်တက်ကြွကြွနဲ့ လူမှုရေးပိုင်းတွေကအစ လုပ်ကြတယ်။ မြင်ရသမျှကတော့ အလားအလာကောင်းမှာ
ပါ။

မေး - အခု အကယ်ဒမီကို နှစ်နှစ်ပေါင်းပေးမယ် ပြောနေတဲ့အပေါ် အစ်မရဲ့သဘောက ဘယ်လိုရှိပါသလဲ။ 

ဖြေ - နှစ်နှစ်ပေါင်းပေးမယ်ဆိုတာက တစ်နှစ်စာစီကို တစ်နှစ်သက်သက်ပေးမှာလား အဲဒီလိုမျိုးဆိုရင်တော့
 ကောင်းပါတယ်။ နှစ်နှစ်စာလုံးအတွက်ကို မင်းသမီးတစ်ဆု၊ မင်းသားတစ်ဆု ပေးမယ်ဆိုရင်တော့ မကောင်း
ဘူးပေါ့။ တစ်နှစ်စာရဲ့ဆုကို အကုန်ပေးသလို နောက်တစ်နှစ်စာရဲ့ဆုကိုလည်း အကုန်ပေးမယ်ဆိုရင် ပို
ကောင်းမှာပေါ့။

မေး - ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ အကယ်ဒမီလို့ပြောရင် ရတော့မယ့် အခြေအနေဆိုတော့ ဒီအပေါ်မှာ မင်း
သမီးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ 

ဖြေ - ကောင်းပါတယ်။ ပရိုဂရမ်တွေရိုက်တာတို့ ဘာတို့တော့ အစ်မသေချာမသိဘူး။ ဒါပေမဲ့ ရုပ်ရှင်ကင်မ
ရာနဲ့ ရိုက်တဲ့အရုပ်၊ ထွက်တဲ့အသံတို့က ဘာနဲ့မှမတူဘူး။ အစ်မတို့ သရုပ်ဆောင်ရတာ ဆယ်တန်းစာမေးပွဲ 
ဖြေနေရသလိုပါပဲ။

မေး - အစ်မက အကယ်ဒမီပွဲ နှစ်တိုင်းတက်နေကျဆိုတော့ နောက်နှစ်အကယ်ဒမီကိုရော စုံတွဲတက်ဖို့ ရှိပါ
သလား။ 

ဖြေ - မသေချာသေးပါဘူး။

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


 7Day News Media:

0 comments:

Post a Comment