Pages

Saturday, August 11, 2012

အမေရိက ဖျော်ဖြေရေးခရီးမှာ စွယ်စုံရမင်းသားကြီးဝင်းဦး ပရိုဂရမ်နဲ့တင်ဆက်မယ်လို့ ဆိုတဲ့ ရန်အောင်


ရန်အောင်က နယူးယောက်၊ဆန်ဖရန် စစ္စကိုတို့ကို ဖျော်ဖြေရေးအဖြစ် မေသန်းနုနဲ့ အတူ ဇူလိုင်၃ဝရက်နေ့က ထွက်ခွာသွားခဲ့ပါ
တယ်။ ဖျော်ဖြေရေးအဖြစ် တစ်လ ကြာမြင့်မှာဖြစ်ပြီး ဖျော်ဖြေရေးအကြောင်းကို မေးကြည့်ဖြစ်တော့..''သီချင်းက မြန်မာသံပါမယ်။ 

မင်္ဂလာဆောင် ပရိုဂရမ်လေးတစ်ခုကို မြန်မာဝတ်စုံလေးတွေနဲ့ ဆိုမယ်၊ ကိုဝင်းဦး ပရိုဂရမ်အတိုလေးတစ်ခုလည်း လုပ်ထားတယ်။ ဒီဟာလုပ်ဖြစ်တာက အဲဒီမှာ သူတို့တွေစီစဉ်ထားတာ မနှစ်က နိုဝင်ဘာလောက်ကတည်းက စီစဉ်ထားတာ။ ဇူလိုင် ဒုတိယအပတ်
လောက် သွားပြီး သြဂုတ်လ ၁၅ရက်နေ့လောက် ပြန်လာဖို့ စီစဉ်ထားတာ။ 

ဒါပေမဲ့ ဗီဇာမရတာနဲ့ နောက်ဆုတ်သွားတာ။ အချိန်ကလည်း မရတော့ ဘူး။ ကိုဝင်းဦးပရိုဂရမ်က သူ့ရဲ့ရုပ်ရှင်သီချင်း တွေဖြစ်တဲ့ တိမ်လွှာမို့မိုလွင်၊ မှုန်ရွှေရည်၊ မပြီးသေးသော ပန်းချီကားစတဲ့ သီချင်းတွေပေါ့။ ဥပမာ တိမ်လွှာမို့မိုလွင်ဆို ယူနီဖောင်းဝတ်မယ်။ မှုန်ရွှေရည်ဆိုရင် မဆင့်က အကလေးနဲ့ပေါ့။ ပရိသတ်တွေကလည်း အဲဒီလိုတွေ ကြိုက်ကြတယ်။

 ဖျော်ဖြေပွဲက ရက်ရွှေ့သွားတော့ ပရိသတ်တွေ ကို လက်မှတ်ပြန်အမ်းမယ်လို့ ပြောတာကို ဝယ်ထားတဲ့သူတွေက ပြန်မပေးဘူး။ စောင့်ကြည့်မယ်။ လာပြီးရအောင် ဖျော်ဖြေပေးကြပါလို့ ပြောကြတယ်'' လို့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါ တယ်။

မေမွန်မောင်
Popular Journal

0 comments:

Post a Comment