Pages

Saturday, August 11, 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ပြည်တွင်း ငွေလွှဲခနှုန်းထားများ တိုးမြင့်ကောက်ခံတော့မည်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ပြည်တွင်း ငွေလွှဲခနှုန်းထားများကို တစ်ရာကျပ်လျှင် ၁၀ပြားနှုန်းမှ တစ်ရာကျပ်လျှင် ၁၅ပြား
နှုန်းသို့ ပြန်လည်တိုးမြှင့် ကောက်ခံရတော့မည်ဖြစ်ကြောင်း ယင်းဘဏ်၏ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ
တော် ဗဟိုဘဏ်မှ ပြည်တွင်းငွေလွှဲခကို ၁၅ပြားကောက်ခံရန် သြဂုတ်လ ၉ ရက်က ညွှန်ကြားခဲ့ပြီး ဘဏ်ခွဲများအကြား 


ဆက်သွယ်ရေး စရိတ်ကိုလည်း ၅၀၀ ကျပ်ကောက်ခံရန် ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့များကို ၅၀ ပြားအထိ ကောက်


ခံရန်နှင့် ကျပ်သိန်း 
တစ်ထောင်နှင့် အထက်အား ၁၂.၅ ပြားနှုန်းကောက်ခံရန် ညွှန်ကြားထားကြောင်း ဖော်ပြချက်အရသိရသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယခင်က ပြည်တွင်းငွေလွှဲခများကို တစ်ရာကျပ်လျှင် ၅ ပြားမှ ၅၀ ပြားအတွင်း လွတ်လပ်စွာသတ်


မှတ်ရန် ဘဏ်များကို ညွှန်ကြားထားခဲ့ခြင်းအား ယခု သြဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သော ၁၅ ပြားသတ်မှတ်ရမည်ဟူသောညွှန်


ြံကားချက်အရ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။





ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment