Pages

Saturday, August 11, 2012

ရုပ်သံလိုင်းတွေက အလကားရရင် လွှင့်လို့ရတာပဲဆိုပြီး လွှင့်ကြတယ်လို့ပြောတဲ့ အောင်နိုင်စန်း


ဒီနိုင်ငံမှာ ဥပဒေ အားနည်း နေလို့သာ ခိုးကူးခွေ ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ချင်တိုင်း လုပ်လို့ရ တာဖြစ်ပါတယ်။ ခိုးကူးခွေကိစ္စ မပြောခင် မယားခိုးမှုတို့ ကလေး စရိတ် ဥပဒေတို့ရှိကြပါတယ်။ 
ကလေးစရိတ် ဥပဒေဟာ ကျွန် တော်တို့နိုင်ငံမှာ တစ်ရာပဲ အများ ဆုံးချလို့ရပါတယ်။ ဆိုလိုတာက မိန်းကလေးတစ်ယောက်နဲ့ အ ကြောင်းတိုက်ဆိုင်စွာ ကလေး တစ်ယောက်မွေးတယ်။ ဒီလိုမျိုး ကလေးမျိုး တစ်ရာမွေးတဲ့ခါမှ တစ်သောင်းပဲကျမှလေ။ ဒါကြောင့် လူမှုရေးမှာတောင်ပြုပြင်ရမယ့် ဥ ဥပဒေတွေ အများကြီးရှိတယ်။

အဲဒီတော့ ဒီဥပဒေကို ကျွန်တော်တို့ ဘက်က ဘယ်လို လိုချင်တာလဲ FM နဲ့ ပတ်သက်တဲ့ ရုပ်သံနဲ့ ပတ် သက်တဲ့ ဥပဒေဘယ်လို လိုချင် တာလဲဆိုတာကို ကိုယ့်ဘက် က ဘယ်လိုတောင်းဆိုမလဲဆိုတဲ့ မူရှိမှ တောင်းဆိုလို့ရမယ်။ ဒါကြောင့် လိုချင်တဲ့ ပမာဏကိုရအောင်ပြော ဆိုနိုင်ဖို့က အရေးကြီးတယ်လေ။ 


အဲဒါလေးကို လိုချင်တဲ့ကလေးတွေ က စည်းစည်းရုံးရုံးတိုင်ပင်ပြီးတော့ လိုချင်တဲ့အရာကို ရေးဆွဲထားဖို့ အရေးကြီးတယ်။ အခုဆိုရင် ပုဂ္ဂလိ က ရုပ်သံလိုင်းတွေ၊FM လိုင်းတွေ ပေါ်လာတော့ အခွေရောင်းတဲ့ Market အပြင် ရုပ်သံ Media Market ကလည်း အကြီးကြီးဖြစ် သွားခဲ့ပါတယ်။ အဲဒီက ရရှိတဲ့ အကျိုးအမြတ်တွေကလည်း အများ ကြီးပါပဲ။

အဲဒါကို ထိုက်သင်တဲ့ အကျိုးအမြတ်ကို စနစ်တကျချဉ်း ကပ်ပြီး တောင်းဆိုမှာသာရမှာဖြစ် ပါတယ်။ ဥပမာဆိုရင် ဆိုတေး မနေ့တစ်နေ့ကမှ နာမည်ကြီးလာတဲ့ သူကို သူ့ကို ဂီတ အစည်းအရုံးမှာ မဲပေးခွင့်မရှိဘူးလို့ တစ်ဖက်ကပြော လာတဲ့အချိန်မှာ ရုပ်သံလိုင်းတွေ က မီးအိမ်ရှင်ကို သူလွှင့်၊ ငါလွှင့် အပြိုင်လွှင့်နေကြတယ်လေ။ ရုပ်သံ လိုင်းတွေကလည်း အလကားရရင် လွှင့်လို့ရတာပဲဆိုပြီး လွှင့်ကြတယ်။

ကိုယ့်ရဲ့ ရပိုင်ခွင့်တွေက ဆုံးရှုံးရ တယ်။ အရင်တုန်းက အဆိုတော် တွေဆိုရင် မြန်မာ့သံနဲ့ ရုပ်မြင်တစ် ခုပဲရှိတာ။ သူတို့ဆိုရင် အလကား ချည်းပဲ ခေါ်ခိုင်းခဲ့တာ။ ဒီနေ့ ပြည်ထောင်စုနေ့၊ လာခဲ့ဦးဆိုပြီး ဆိုပေး၊ ရိုက်ပေးပြန်သွားခဲ့ကြရ တာပဲလေ။ အဲဒီတုန်းက စိတ် ကောက်တာကိုလည်း ခံရပါတယ်။ ဒီတစ်ခါ ဒီပွဲကို မလာဘူးဆိုရင် ဒီ Planning ချထားတာတွေကို ခေါ် ပြတယ်။ 


ပိုးဒါလီသိန်းတန်ကို ၆ လပိတ်လိုက်ဆိုတာမျိုး၊ ဒါမျိုးတွေ ရှိခဲ့ပါတယ်။ ဒီခေတ်မှာကျတော့ ဒါမျိုးတွေမရှိတော့ဘူး။ ဒီဌာနက မရရင် ဟိုဌာနမှာ သွားလွှင့်မယ်၊ ဒီလိုင်းက မရဘူးဆိုရင် ဟိုလိုင်းက သွားရိုက်မယ်ဆိုတဲ့ အခွင့်အရေး မျိုးတွေ အခုခေတ်ကလေးတွေမှာ အခွင့်အရေးတွေ အများကြီးရှိပါ တယ်။ ဒီလိုရရှိတဲ့ အခွင့်အရေး တွေကို အသုံးပြုနိုင်ပါစေလို့ ပြော ချင်ပါတယ်။

8 DAYS

0 comments:

Post a Comment