Pages

Saturday, August 11, 2012

အမေရိကန်ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံ

Photo: အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ

မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ လူထုအခြေပြုအဖွဲ့အစည်းတွေပါဝင်ခွင့်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာလွှတ်တော်ကော်မတီဥက္ကဌ David Dreier ဦးဆောင်တဲ့အဖွဲ့ဟာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ဒီကနေ့စနေနေ့လည်ပိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ဘက်ကပိတ်ဆို့အရေးယူထားတာတွေကိုပြန်လည်လျော့ချရေးဆိုင်ရာ အမေရိကန်လွှတ်တော်ရဲ့အနေအထားနဲ့ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်က ရှင်းပြခဲ့သလို လက်ရှိ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း မိမိတို့ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုကပြောပါတယ်။

အခုခရီးစဉ်မှာ ရီပါပလင်ကင်ပါတီဝင် အောက်လွှတ်တော်အမတ် David Dreierနဲ့အတူ  အမေရိကန်လွှတ်တော်ကတာဝန်ရှိသူ (၅)ဦးလည်းလိုက်ပါလာပါတယ်။

ဒီအတော်အတွင်းမှာပဲ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေးနဲ့ ကိုဌေးကြွယ်တို့ဟာ မနက်ဖြန်မှာကျင်းပမယ့် ကရင်အာဇာနည်နေ့အခမ်းအနား ပထမဆုံးအကြိမ်တက်ရောက်ဖို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကိုရောက်ရှိနေပါတယ်။ (ဓါတ်ပုံ ၈၈ မျိုးဆက် ကျောင်းသားများ)


0 comments:

Post a Comment