Pages

Sunday, August 26, 2012

လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အမ်းစထရောင်း ကွယ်လွန်

လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အမ်းစထရောင်း ကွယ်လွန်

 လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် အာကာသယာဉ်မှူး နေးလ် အမ်းစထရောင်း ကွယ်လွန်သွားပြီဖြစ်
ကြောင်း NBC News က အတည်ပြုပြောကြားသည်။ အမ်းစထရောင်းသည် ၁၉၃၀ ခုနှစ် သြဂုတ် ၅ရက်တွင်
 မွေးဖွားခဲ့ပြီး ယခု ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။


၎င်းသည် Blume အထက်တန်းကျောင်း၊ Purdue တက္ကသိုလ်နှင့် တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်များ
တွင် ပညာသင်ယူခဲ့သည်။

အမ်းစထရောင်းသည် July 20th 1969 ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် လပေါ်သို့ ခြေချခွင့်ရခဲ့သည့် ပထမဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။ ထိုစဉ်က အပိုလို ၁၁ အာကာသယာဉ်တွင် အမ်းစထ
ရောင်း အပါအဝင် အာကာသယာဉ်မှူး ၃ ဦးလိုက်ပါလျက် လပေါ်သို့ ခြေချနိုင်ရန် အာကာသခရီးစဉ် သွား

ရောက်ခဲ့သည်။ အမ်းစထရောင်းသည် မကွယ်လွန်မီတွင် နှလုံးခွဲစိတ်မှု ခံယူခဲ့ရသေးကြောင်း NBC News က ပြောကြားသည်။



Planet Myanmar Media:


0 comments:

Post a Comment