Pages

Sunday, August 26, 2012

မြန်မာနိုင်ငံတွင်မူ မိုးရွာသွန်းမှုယခင်ကထက် ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ပြောကြား

ရန်ကုန်၊ သြဂုတ်- ၂၆
ယမန်နေ့က ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှာ အိန္ဒိယ

ကမ်းခြေကိုလ်းကတ္တားမြို့အနီးတစ်ဝိုက်တွင်သာ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ မိုး
ရွာသွန်းမှုယခင်ကထက် ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဒု
တိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်ပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်မောင်
တောမြို့ ကမ်းခြေတစ်လျှောက် အားကောင်းနိုင်သည်ဟု ဦးချစ်ကျော်ကပြောသည်။ 
 
သို့သော်အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဖြစ်သို့ မပြောင်းလဲနိုင်ကြောင်း ဦးချစ်ကျော်က ဆက်
လက်ပြောကြားသည်။

"မိုးလယ်ကာလမှာဖြစ်တဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးရွာသွန်းမှုအားကောင်းမှာပေါ့" ဟု မိုးလေ၀သ
ပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
 
 
7days News 

0 comments:

Post a Comment