Pages

Sunday, August 26, 2012

ပါတီတွင်းပြဿနာများ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းမယ်လို့ NLD ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကို မတက်ခဲ့ရောက်ဘဲ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ် ရုံးချုပ်မှာ ညနေပိုင်းမှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို တက်ရောက်ခဲ့ ပါ
တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီဖြစ်လာပြီးနောက် ပါတီကို အောက်ခြေကအစပြန်လည်ဖွဲ့စည်း
ဖို့ ကြိုးစားဆောင်ရွက်နေရာမှာ ဒီနှစ်နှောင်းပိုင်းမှာ ဗဟိုညီလာခံကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရပ်ကျေး၊မြို့နယ်၊ခရိုင်၊တိုင်းစတဲ့ အဆင့်အလိုက်ညီလာခံတွေ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်
တွေဖွဲ့စည်းရာမှာ ၉၅%ကျော် အထိ ဆောင်ရွက်ပြီးစီးပေမယ့် မြို့နယ်တချို့မှာလည်း မပြေလည်မှုတွေ ရှိ
နေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က NLD အဖွဲ့ဝင်တချို့ဆန္ဒပြတဲ့ကိစ္စတွေဖြစ်
ပေါ်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ မနေ့ကကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေး အဖြေရှာခဲ့ပါ
တယ်။ ဖွဲ့စည်းမှုဆိုင်ရာ ကော်မရှင်တွေ မကျေမနပ်ဖြစ်တာတွေနဲ့ပတ်သက်လို့ ၊ မှားယွင်းတဲ့နေရာတွေမှာ
ပြင်ဆင်ဖို့ သုံးသပ်ဆွေးနွေးခဲ့တယ်လို့ အတွင်းရေးမှူး အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်း
ကြိုင် ကပြောပါတယ်။

အစည်းအဝေးမှာ မကြာသေးခင်ရက်ပိုင်းက သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့ကိစ္စအပါအ၀င်
NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ရေးရာဆောင်ရွက်ချက်တွေကို ဒေါ်အောင်ဆန်းစု
ကြည် ကတင်ပြခဲ့ပါတယ်။

အခြေခံဥပဒေခုံရုံးကိစ္စ အငြင်းပွားမှုကိစ္စနဲ့ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်း ညှိုနှိုင်းပြီး နှစ်ဘက်လုံးအတွက် အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တခုကို ချနိုင်အောင်ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့
တယ် လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာ စတင်ခဲ့တဲ့ လွှတ်တော်ရေးရာကော်မတီတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအ
ခြေခံဥပဒေ ခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်းနဲ့ ခုံရုံးနဲ့ပတ်သက်တဲ့ စွပ်စွဲပြစ်တင်ချက်အဆိုတွေကို အမျိုးသားလွှတ်တော်မှာလည်းဆက်လက်ဆောင်ရွက်ဖို့ ထောက်ခံမဲ အများစုနဲ့ မနေ့က ဆုံးဖြတ်ခဲ့တယ်
လို့ သိရပါတယ်။

ဒီအကြောင်းတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
 
RFA ((Burmese)

0 comments:

Post a Comment