Pages

Tuesday, July 17, 2012

Windows 8 တွင် ပါဝင်လာမည့် Metro Interface


Windows 8ကို အောက်တိုဘာလတွင် ရောင်းချသွားမည်ဟု Microsoft ကော်ပိုရေးရှင်းက အတည်ပြုလိုက်ခြင်းနှင့်အတူ Metro အမည်ရှိ Interface အသစ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ 


Desktop ကွန်ပျူတာများ၏ ခေတ်ကို အဆုံးသတ်စေမည့် ခြေလှမ်းတစ်ရပ်အဖြစ် စတင်လာသော Metroသည် ယခင်Versionဟောင်း Interfaceများနှင့် လုံးဝ ပုံစံကွဲထွက်သွားပြီး Tablet ကွန်ပျူတာ တစ်လုံး၏ Interfaceနှင့် ပိုတူလာသည်။ 

Touchscreen အသုံးပြု Tabletများအတွက် အဓိကရည်ရွယ် ထုတ်လုပ်မည့် Windows 8သည် Start Menuနှင့် Desktop နောက်ခံတို့ကို စွန့်ပယ်ကာ ယခင်ပုံစံဟောင်းများကို တော်လှန်ပစ်ခဲ့သည်။



ယင်းအစား Social Mediaများနှင့် အခြားသော အသုံးဝင်သည့် Featureများကို Windows၏ အဖွင့်မျက်နှာပြင်တွင် Tabများ အနေဖြင့် ထည့်သွင်းပေးခဲ့သည်။ Microsoftသည် အနာဂတ်ကို ကြိုတင်မျှော်လင့်ကာ Touchစနစ်သုံး Windowsအသစ်ကို ဖန်တီး မိတ်ဆက်လာခြင်း ဖြစ်သည်။ 


Windowsစနစ်များသည် (၁၉၉၅)ခုနှစ်က စတင်ထုတ်ဝေသည့် Windows 95 နောက်ပိုင်း ကမ္ဘာ့ကွန်ပျူတာ OSလောကကို လွှမ်းမိုးလာခဲ့သည်။ Microsoftသည် ပျမ်းမျှ (၃)နှစ်လျှင် (၁)ကြိမ်မျှ Windows စနစ်သစ်များကို ထုတ်လုပ် ရောင်းချလေ့ ရှိသည်။

 Microsoft၏ အဆိုအရ Windows 7မှ Windows 8ကို အဆင့်မြှင့်တင် သုံးစွဲပါက ဒေါ်လာ (၄၀)မျှသာ ကျသင့်မည်ဟု သိရသည်။



Microsoftသည် Windows 8တွင် ဓာတ်ပုံများ၊ သီချင်းများ၊ ဗီဒီယိုဖိုင်များကို စိတ်ကြိုက် စီမံကိုင်တွယ်ခွင့်ပေးမည့် Media Centerကိုလည်း ထည့်သွင်းပေးထားသေးသည်။ 


Microsoft၏ Windowsအသစ်သည် ဘာသာစကား (၃၇)မျိုးကို ထောက်ပံ့ပေးနိုင်မည်ဟုလည်း သိရသည်။ ကော်ပိုရေးရှင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "ကျွန်တော်တို့အနေနဲ့ Windows 8ကြောင့် ပိုပြီး ထူးခြားပြည့်စုံတဲ့ အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြား
သွားခဲ့သည်။

Ref: Planet Myanmar Media:

0 comments:

Post a Comment