Pages

Tuesday, July 17, 2012

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းထားတဲ့ ဒုတိယ သမ္မတလောင်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ကိစ္စ ကြန့်ကြာအုံးမည်


Photo: တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းထားတဲ့ ဒုတိယ သမ္မတလောင်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ကိစ္စ ကြန့်ကြာဖို့ ရှိတယ်လို့ ဒုတိယ-သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုးကားပြီး ရန်ကုန်ထုတ် The Voice သတင်းဂျာနယ်က ရေးသားပါတယ်။ 

ဒုတိယ သမ္မတလောင်း အဖြစ် တင်သွင်းထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ မိသားစုဝင် တဦးဟာ နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတ ဖြစ်လာဖို့ အရည်အချင်း မကိုက်ညီကြောင်း၊ ဒီကိစ္စကြောင့် လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ဖို့ ကြန့်ကြာနေတာ ဖြစ်နိုင်ကြောင်း၊ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းက ရေးပါတယ်။

 ဒုတိယ သမ္မတ အတည်ပြုရေး အဆိုကို မနေ့က လွှတ်တော်မှာ တင်ပြဖို့ အများက မျှော်လင့်ခဲ့ ပေမယ့် မတင်ပြဖြစ် ခဲ့ဘူးလို့သိရပါတယ်။

 ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတလောင်း အမည်ကို ဇူလိုင်လ ၁ဝ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းဖို့
 ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းထားတဲ့ ဒုတိယ သမ္မတလောင်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ကိစ္စ ကြန့်ကြာဖို့ ရှိတယ်လို့ ဒုတိယ-သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုးကားပြီး ရန်ကုန်ထုတ် The Voice သတင်းဂျာနယ်က ရေးသားပါတယ်။ 

ဒုတိယ သမ္မတလောင်း အဖြစ် တင်သွင်းထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ မိသားစုဝင် တဦးဟာ နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတ ဖြစ်လာဖို့ အရည်အချင်း မကိုက်ညီကြောင်း၊ ဒီကိစ္စကြောင့် လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ဖို့ ကြန့်ကြာနေတာ ဖြစ်နိုင်ကြောင်း၊ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းက ရေးပါတယ်။

ဒုတိယ သမ္မတ အတည်ပြုရေး အဆိုကို မနေ့က လွှတ်တော်မှာ တင်ပြဖို့ အများက မျှော်လင့်ခဲ့ ပေမယ့် မတင်ပြဖြစ် ခဲ့ဘူးလို့သိရပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတလောင်း အမည်ကို ဇူလိုင်လ ၁ဝ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းဖို့ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။

Ref: RFA (Burmese)

0 comments:

Post a Comment