Pages

Tuesday, July 17, 2012

မြန်မာ့ပထမဆုံး အင်တာနက်မှ ဈေးဝယ်ယူနိုင်မည့်စနစ်အား ပုဂ္ဂလိကဘဏ်တစ်ခုက စီစဉ်


 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်းကို ပုဂ္ဂလိကဘဏ်တစ်ခုသည် သြဂုတ်လမှ စတင်အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ အင်တာနက်မှတစ်ဆင့် ဈေးဝယ်ယူခြင်းစနစ်အား အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး (AGD) ဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

 “ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်ရပြီးပါပြီ။ သြဂုတ်လအတွင်းပြီးစီးအောင်တော့ အတတ်နိုင်ဆုံး ကြိုးစား
ဆောင်ရွက်နေပါတယ်။ ဘယ်အချိန်စတင်အသုံးပြုနိုင်မယ်ဆိုတာနဲ့ ဝန်ဆောင်ခနှုန်းထားတွေကို ဘယ်လိုသတ်မှတ်မယ်ဆိုတာကို ကျွန်တော်တို့ထပ်မံ ထုတ်ပြန်ပေးပါ့မယ်။”ဟု AGD Bank အွန်လိုင်းမှ တဆင့်ဈေးဝယ်ယူခြင်းလုပ်ငန်းကို စီစဉ်ဆာင်ရွက်နေသူတစ်ဦးက ပြောသည်။

အွန်လိုင်းမှ ဈေးဝယ်ယူခြင်း စနစ်အား စမ်းသပ်အောင်မြင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
လည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စနစ်ကို AGD ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားသူများကိုသာ ဝန်ဆောင်မှုပေးသွား
မည်ဖြစ်ကြောင်းနှင့် ဝန်ဆောင်ခနှုန်းထားများကိုလည်း သတ်မှတ်တောင်းခံသွားမည်ဟု သိရှိရသည်။

“ဘဏ်ကနေဆောင်ရွက်ပေးမယ်ဆိုတော့ ဝန်ဆောင်ခနှုန်းထားသက်သာမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာသမားတွေအတွက်တော့အရမ်းအဆင်ပြေသွားနိုင်မှာပါ။ လိုအပ်တဲ့ပစ္စည်းကို အင်တာနက် မှာရွေးပြီး လှမ်းမှာနိုင်တော့မှာဖြစ်ပါတယ်။” ဟု အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်း စတင်မည့်အပေါ်တွင်ကိုကျော်သူက ၎င်း၏ အမြင်ကိုပြောသည်။

Ref: Myitmakha Media:

0 comments:

Post a Comment