Pages

Tuesday, July 17, 2012

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုဒ်စမ်းသပ်လွှင့်တင်

ပြည်သူ့လွှတ်တော် ဆိုင်ရာ သိမှတ်ဖွယ်ရာများပါဝင်သည့် ဝက်ဆိုဒ်တစ်ခုကို စမ်းသပ် ထုတ်လွှင့် နေပြီဖြစ် ကြောင်း သိရသည်။ အဆိုပါ ဝက်ဆိုဒ်တွင် သတင်းနှင့် ပြန်ကြားရေးအစီအစဉ်များ ၊ အစည်း အဝေးများ ၊ ကိုယ်စားလှယ်များ အခန်းကဏ္ဍ ၊ကော်မတီ/ကော်မှရှင်များ နှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများ စသည်ဖြင့် ထည့်သွင်း တင်ဆက်ထား သည်ကို တွေ့ရသည်။ 


မိမိကြည့်ရှုချင်သော လအလိုက်မှတ်တမ်းကဏ္ဍများကိုလည်း ရှာဖွေရ လွယ်ကူစေရန် ထည့်သွင်းပေးထား သည်ကိုလည်း တွေ့ရသည်။ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်နှင့် မှတ်ပုံတင်အမှတ် ၊ ကိုယ်စားပြု မဲဆန္ဒနယ်များ ကိုပါ ထည့်သွင်းဖော်ပြထားပြီး လွှတ်တော် ကိုယ်စား လှယ်များ၏ ရုပ်ပုံများကိုမူ ထည့်သွင်း ဖော်ပြနိုင်ရန် စီစဉ်ထားသည်ကိုတွေ့ရှိရသည်။


အခြားသိရှိလို သည်များကို လည်း အလွယ်တကူရှာ ဖွေနိုင်ရန် ဆောင်ရွက်ထား သည်ကိုတွေ့ရသည်။

အဆိုပါဝက်ဘ်ဆိုဒ် လိပ်စာမှာ http://www.pyithuhluttaw.gov.mm/ဖြစ်ပြီး ယခုအခါ beta version အနေဖြင့် သာစမ်းသပ်ထုတ် လွှင့်ထားသည်။



 ပြည်သူလွှတ်တော် ကျင်းပပုံများနှင့် သတင်း အချက် အလက်များ ကို ကြည့်ရှုနိုင်တော့ မည် ဖြစ်ကာ လွှတ်တော်၏ တိကျခိုင်မာသော သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်သည်။
ယခုအခါ တွင် နိုင်ငံတော်ဆိုင်ရာ ဝက်ဘ်ဆိုဒ်များ အနေဖြင့် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ် http://www.president-office.gov.mm/ နှင့် ပြန်ကြာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ဖြစ်သောhttp://www.ministryofinformation.gov.mm/ တို့သည် သတင်းများကို အွန်လိုင်းမှ အသွင်သစ်ဖြင့် အချိန် နှင့် တစ်ပြေးညီ ထုတ်လွှင့် တင်ဆက်ပေးနေသည် ကိုတွေ့ရသည်။ 



အခြားဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုဒ် များကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် ပင်မစာမျက်နှာတွင် ထည့်သွင်းပေးထား သည်ကို တွေ့ရသည်။


Ref: Popular Myanmar Media:

0 comments:

Post a Comment